Boyfriend is Jeon Guggie

Start from the beginning
                                    

သူဟာ အညတရမိုးကောင်းကင်လေးတစ်ခုသာဖြစ်ခဲ့မယ်ဆို ကျွန်တော်သည်လည်း သူ့ထံပါး၌သာ ခစားရမယ့် ဖြူလွှလွှတိမ်ယံလေးတစ်ခု ဖြစ်ချင်ခဲ့ရုံပါ။ရွာချလိုက်ဖို့ကို သတ္တိနည်းလွန်းတဲ့ကောင်းကင်ကြီးရဲ့အချစ်ကိုမှ လိုချင်တောင်းတခဲ့ရတဲ့ပင်လယ်လေးဟာ ကျွန်တော်ပဲဖြစ်ပါလိမ့်မယ်။

ဂျွန်ဂုဂီဆိုတဲ့ အချစ်ပုံပြင်လေးတစ်ခုကို အစပျိုးထားခဲ့ပြီးမှ ဘာအတွက်ကြောင့်တွက်နဲ့များ မျက်နှာလွှဲပစ်ရက်ပါ့မလဲ။အချစ်တစ်ခုကို ရင်ဝယ်ပိုက်ထားရင်း အဲ့ဒီလူအတွက်ပဲ
ဇာတ်လမ်းဆုံးတိုင် ကပြဖျော်ဖြေခွင့်ရချင်ပါတယ်။ခွင့်မပြုရင်တောင်မှ ကျွန်တော့ဘက်က ရှေ့ဆက်တိုးမယ်ဆိုရင်ရော?.....

• • • • • • • • • • •

(လွန်ခဲ့သော သုံးလခန့်လောက်က...)

ကျတော်နာ့မည်ကပတ်ခ်ဂျီမင်ပါ အသက်က(၂၇)နှစ်ဖြစ်ပြီး ဆိုးလ်မြို့၏အထင်ကရကုမ္ပဏီရုံးချုပ်တစ်ခုရဲ့ HRမန်နေဂျာဟောင်းတစ်ယောက်လို့ပြောရင်လည်း မမှားဘူးပေါ့။
အဲ့ရာထူးဂုဏ်ဒြပ်တွေဟာ အရင်တုန်းကပါ အခုတော့အလုပ်လည်းပြုတ်...!ချစ်သူကလည်းပစ်သွားခဲ့ပြီ။

အခုတော့အဲ့ရာထူးအဲ့အလုပ်ခွင်ကနေ
ကိုယ်ကအလုပ်ပြုတ်သွားပြီလား...!မပြုတ်သေးဘူးလား...!မကြာခင်မှာအပြီးတိုင်ပြုတ်ရတော့မှာလား သေချာမသိရသေးတဲ့မရေမရာခြင်းတွေကြားကနေ ဖေဖေ့ရဲ့မွေးရပ်မြေကိုရှောင်​ထွက်လာသည်ဆိုပါတော့။

ဘာကြောင့်အလုပ်ပြုတ်ရသလဲဆို ယုံကြည်လွန်းတတ်တဲ့ကျွန်တော့်စိတ်ကြောင့်လို့ပဲ​အကြောင်းပြချက်ပေးရလိမ့်မယ်။မဆင်မခြင်လက််မှတ်ထိုးပေးလိုက််မိတဲ့အတွက်ကြောင့် အရှုပ်တွေဟာ ကိုယ့်ထံတည့်တည့်ပစ်ဝင်လာခဲ့၏။

ကျွန်တော့်လက်အောက်က ဝန်ထမ်းမလေးရဲ့အလွဲသုံးစားလုပ်ထားမှုတွေမှာ
ကျွန်တော်ဟာ ပါဝင်ပတ်သတ်နေတယ်လို့
ရိုးစွပ်ခဲ့ကြပြီး ရာထူးကနေ ရပ်စဲထားဖို့ဆုံးဖြတ်ခဲ့ကြတယ်။အမှန်တရားတစ်ခုအတွက် တရားသောနတ်စောင့်သတဲ့?
ရယ်လိုက်ချင်သားဗျာ...ဘယ်မတုန်း
ကျွန်တော့်အဖို့ တရားခြင်းတွေ။

(OS Collection)Where stories live. Discover now