အပိုင်း(38)Un Zaw

Start from the beginning
                                    

" ခင်ဗျားဘာတွေ စဉ်းစားတွေဝေနေလဲဆိုတာ ကျုပ်မသိပေမဲ့ ကျုပ်ကခင်ဗျားကို ဘယ်တော့မှ စိတ်ညစ်ဝမ်းနည်းအောင်လုပ်မှာ မဟုတ်ဘူး

" ကျုပ်က ခင်ဗျားပြုံးရီနေတာလေးကို သဘောကျတဲ့သူမလို့  ခင်ဗျားကို အမြဲတမ်း ပြုံးပျော်ရီနေရအောင်ထားမှာ

နွေဦးရင်ထဲမှာ ကြည်နူးမှုနဲ့ ဝမ်းနည်းမူတို့က ဒွန်တွဲနေလျက် အဖေတို့အမေတို့ ဆုံးမသွားပြီးကတည်းက နွေဦးပေါ်ဒီလို နွေးထွေးပြီးဂရုစိုက်ချစ်ပေမဲ့သူမရှိ

မျက်ရည်တွေဝေ့သီလာတဲ့ ကောင်လေးကို ခွပ်ဒေါင်းဖက်ထားလိုက်ပြီး

" ကျုပ်မိသားစုပြီးရင် ခင်ဗျားကို အချစ်ဆုံးဘဲ

" ဘာတွေဘဲဖြစ်လာ ဖြစ်လာခင်ဗျားလက်ကိုတွဲပြီး ရင်ဆိုင်ကျော်ဖြတ်မှာမလို့  ကျုပ်အချစ်ကို လက်ခံပေးပါနော်

ရင်ခွင်ထဲကနေ ခေါင်းငြိမ့်ပြနေတဲ့သူကို ခွပ်ဒေါင်း‌တင်းနေအောင်ဖက်ထားလိုက်ပြီး

" ကျုပ်ကိုချစ်တယ်လို့ပြောပါအုံးဗျာ ခင်ဗျားပါးစပ်က ချစ်တယ်ဆိုတဲ့အသံ‌လေးကို ကြားချင်သေးတယ်

ခွပ်ဒေါင်းပြောတော့ ရင်ခွင်ထဲကနေထွက်လာပြီး မျက်လုံးချင်းစုံအောင်ကြည့်ကာ

"ငါမောင့်ကိုချစ်တယ်

ဒီလူနူတ်ဖျားကနေ "မောင်" ဆိုတဲ့နာမ်စားကို ကြားလိုက်ရတဲ့အချိန်မှာ ကမ္ဘာကြီးတစ်ခုလုံး ရပ်တန့်သွားသလို‌တောင် ခံစားလိုက်ရပြီး

ရင်ထဲမှာလဲ‌ ပြောမ‌ပြတက်လောက်အောင်ကို ဝမ်းသာမိသည်။ ဒီလူသားရဲ့ အချစ်ကို ပိုင်ဆိုင်ရတဲ့ ကျုပ်ဟာ။ကမ္ဘာပေါ်မှာ ကံအကောင်းဆုံးလူသားဘဲ။

နေဝင်ချိန်အလှတရားနဲ့ ကောင်လေးနှစ်ယောက်ရဲ့ ပျော်ရွှင်ရီမောချင်းတွေက ညနေခင်းအလှကို ပိုမိုလှပအောင်ထောက်ပံ့ပေးနေသည်။

___&&&___&&&&

" အီးဟီး ခွပ်ဒေါင်းမာန် နည်းနည်းလေးမှ မကောင်းဘူး ငါအသဲကို ခွဲတယ် အီးဟီး

အာစိက  ဆရာလေးကို ဇရပ်မှာ ဖွင့်ပြောပြီး အဖြေတောင်းတာကိုသိကတည်းကင်ိုနေတဲ့ နံ့သာကို ကျော်ကြီးနဲ့ ငမဲတူး ဘယ်လိုချော့ရမှန်းမသိတော့တာ

ဒေါင်းWhere stories live. Discover now