"ခုတစ်ယောက်က မင်းသိရင်အရမ်းအံသြသွားမှာ"

"သွားတော့ လာအာရုံနောက်မနေနဲ့ .. စာအုပ်ဖတ်ရတာအရှိန်ပျက်တယ် ဟူးး"

ကြိုက်နေတဲ့လူက ဘယ်သူလဲတော့မသိပေမဲ့ Kim Taehyungပြောလိုက်ရင် ရင်ခုန်ရမှာတောင်မဟုတ်တော့ဘူး။ ဘယ်သူကပဲလာကြိုက်ကြိုက် Park Sunghoonတို့ကတော့ တစ်ကိုယ်ထီးလူပျိုကြီးပဲလုပ်မှာပဲ။

"Minhoလို့"

"ဟမ်..ဘာလို့အဲ့ဒီကောင်နာမည်လာပြောနေတာလဲ"

"မင်းကိုကြိုက်နေတာလို့ "

"ဘယ်သူက?"

"မင်းပထွေး Minhoက မင်းကြိုက်နေတာလို့"

Sunghoonမှာ Taehyungပြောလိုက်တဲ့စကားကြောင့် ပါးစပ်ဟောင်းလောင်းလေးနဲ့မျက်လုံးလေးပြူးနေတော့တယ်။ သူနဲ့တွေ့တိုင်းရန်တတတ်နေတဲ့ ရန်ဖြစ်ဖော်ရန်ဖြစ်ဖက်ကြီးက ကိုယ့်ကိုကြိုက်နေတာတဲ့။ တကယ်မဖြစ်နိုင်တာကြီးလေ...။ Minhoက Kim Taehyungကိုကြိုက်နေတာလေ ။ သေချာတယ် ဒါKim Taehyungလုပ်ကြံဇာတ်ခင်နေတာ သေချာတယ်။

"အပိုတွေ ဇာတ်လမ်းလုပ်တာတွေတော်တော့ Kim Taehyung... Minhoကမင်းကို ကြိုက်နေတာလေ"

"မဟုတ်ပါဘူးဆို သူကိုယ်တိုင်ငါ့ကိုပြောတာပါဆို"

"အမ်...မဖြစ်နိုင်တာ"

"ဟုတ်တယ်မလားမဖြစ်နိုင်ဘူးမလား? သူက‌ရည်းစားစာကိုမင်းLockerထဲထည့်ခိုင်းတာတဲ့ ငါ့Lockerထဲကိုမှားထည်မိခဲ့ကြတာတဲ့"

"တကယ်ကြီး ပြောနေတာလား?"

"အေးလို့ မထင်ထားဘူးမလား? ငါတောင်သိသိချင်းက အရမ်းလန့်သွားတာ.. "

Sunghoonအတွေးထဲ ဟုတ်ရောဟုတ်ရဲ့လားဆိုတဲ့အတွေးပဲကြီးစိုးနေတယ်။ Minhoနဲ့ကိုယ်ဆိုတာ ဘယ်လိုမှမတည့်တဲ့ကြွက်နဲ့ကြောင်လိုလူမျိုးတွေလေ.. အဲ့ဒါကို Minhoက ကိုယ့်ကိုကြိုက်နေတာဖြစ်နိုင်ပါ့မလား။ ဒါပေမဲ့ Kim Taehyungပြောနေပုံကလည်း အတည်ပေါက်ကြီးဖြစ်နေတော့ ယုံရမှာလား မယုံရဘူးလားကြား လွန်ဆွဲပြီးဝေခွဲရခက်နေတော့သည်။

"မင်းမယုံရင် Minhoနဲ့ပြောကြည့်ပေါ့"

"မပြောပါဘူး .. ငါကဘာလို့ဂရုစိုက်ရမှာလဲ .. အဲ့ဒီလိုကောင်ကိုလည်းဘယ်တော့မှ စိတ်ဝင်စားလာမှာမဟုတ်ဘူး"

𝓨𝓮𝓼 𝓞𝓻 𝓨𝓮𝓪𝓱⁽ᶜᵒᵐᵖˡᵉᵗᵉᵈ⁾Donde viven las historias. Descúbrelo ahora