"ဟန်စုမင်ဆိုတဲ့ကျောင်းသားက တော်တော်အကျင့်မကောင်းတာပဲနော်" မုချန်းရုံကလည်း စကားဝိုင်းထဲဝင်ပါကာပြောလာတော့သည်၊ဒါကြောင့် အခြားသူတွေလည်း ခေါင်းညိတ်ကာပြောလိုက်တော့သည်၊မုချန်းရုံဟာ ဟန်ဆောင်ကာအံ့သြပြရင်းနေနေတော့သည်၊ဒါပေမယ့် သူဟာ လော့ရှန်ဟွာကိုလှမ်းကြည့်လိုက်သည်၊ဒီလိုလှည့်ကွက်မှာ မခံရတာ စီနီယာကုတို့အကူအညီကြောင့်မှန်း နေမှာပေါ့၊သူ့လို ဥာဏ်မရှိတဲ့ကောင်က ဘယ်လိုလုပ် ကျော်ဖြတ်နိုင်မှာလဲ၊

မုချန်းရုံက သူ့ဘက်ကနေ အောက်ကျခံပြီး လော့ရှန်ဟွာကိုပတ်သတ်ခဲ့ပေမယ့် အငြင်းခံလိုက်ရတာကို တွေးမိတိုင်း ဒေါသဟာတက်တက်လာတော့သည်၊

'ဘဝင်ရူးကောင်'

လော့ရှန်ဟွာကတော့ ဘယ်သူ့ကိုမှ အရေးမစိုက်ပေ၊သူ့အလုပ်သူသာ လုပ်နေတော့သည်၊မြေကွက်တွေကို သူရွေးချယ်ရအုံးမယ်မလား၊ဘယ်မြေကွက်က အကောင်းဆုံးလည်း လော့ရှန်ဟွာအသိဆုံးမဟုတ်ပေမယ့် အဆက်အသွယ်တွေကနေ တဆင့် ရှာဖွေနိုင်သည်မလား၊ဆိုင်ခန်းဖွင့်ဖို့အတွက် အကောင်းဆုံးသောနေရာအနေအထားကို သူရှာတွေ့ရန်လိုအပ်သည်မလား၊

ဒီရက်ပိုင်းအတွင်းမှာ စီးပွားရေးအတွက် အကောင့်တစ်ကောင့်ဖွင့်ထားပြီး သူရဲ့လုပ်ငန်းအတွက် စတင်ရန်စီစဉ်ပြီးသားဖြစ်ပြီး တစ်ချို့ကတော့ လီရှန်းဟွာဘဝတည်းက သူယုံကြည်ရတဲ့သူတွေသာဖြစ်သည်၊ဒါကြောင့် သူရဲ့အတိတ်ဘဝကို ပြန်လည်အသုံးချပြီး လီရှန်းဟွာမိတ်ဆွေတွေကို လော့ရှန်ဟွာအနေနဲ့ ပြန်လည်ပတ်သတ်ခဲ့ပြီး ခင်မင်ခဲ့ရသည်၊

ယုံကြည်မှုတော့ အပြည့်အဝမရရှိသေးပေမယ့် ခက်ခဲသည့်အရာတော့မဟုတ်ပေ၊သူက လော့ရှန်ဟွာကိုယ်ထဲဝင်ထားတဲ့ လီရှန်းဟွာပဲလေ၊

လော့ရှန်ဟွာ စီစဉ်စရာရှိတာတွေကို လက်တော့ပ်အသေးကနေ စီစဉ်လိုက်ပြီးနောက်မှာ သူဟာ အကောင့်တစ်ကောင့်ကို လှမ်းပြီးဆက်သွယ်လိုက်သည်၊

[ရှန်:မြေကွက်နေရာကို လုံထွာဘက်က အကွက်ဆိုရင် ဘယ်လိုလဲ]

[ကျိုး:လုံထွာဘက်က မြို့တော်ရဲ့အချက်အချာနေရာပေမယ့် နိုင်ငံခြားဖြစ်အစားအသောက်တွေပဲက ပိုတိုးပေါက်တယ် ၊မင်းရဲ့စားသောက်ဆိုင်ကတော့.... ]

Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလားWhere stories live. Discover now