XZ's POV

2.5K 175 15
                                    

Uni
/

"မင်းကအဖေမရှိဘဲမွေးတဲ့သား"

"ဟုတ်တယ် မင်းအဖေကမင်းတို့ကိုပစ်သွားပြီတဲ့"

"ရှောင်းကျန့်နဲ့မကစားရဘူးလို့အိမ်ကမှာထားတယ် မင်းသွားတော့"

"ရှောင်းကျန့်ကတကယ့်ဂြိုဟ်ဆိုးတဲ့ သူ့အမေကသူ့ကိုဗိုက်ကြီးလာလို့သူအဖေကထားခဲ့တာတဲ့"

ကျောပိုးလွယ်အိတ်ရဲ့ကြိုးကိုခပ်တင်းတင်းဖိကိုင်ပြီးအဲဲ့ဒီစကားတွေနဲ့ဝေးရာကိုပြေးထွက်လာခဲ့လိုက်တယ်။ ရှောင်းကျန့်အသက်5နှစ်ပြည့်ပြီးပြီ။ ရှောင်းကျန့်ဘာအမှားမှမလုပ်ပါဘဲနဲ့သူငယ်ချင်းတွေကရှောင်းကျန့်နဲ့မကစားချင်ကြဘူး။ ရှောင်းကျန့်မှာသူငယ်ချင်းမရှိခဲ့ဘူး။ ရှောင်းကျန့်ကစကားလာပြောရင်တောင် သူတို့ကရှောင်းကျန့်ကိုရှောင်ကြတယ်။ သူဘာအမှားမှမလုပ်မိပါဘူး။ ရှောင်းကျန့်ကလိမ္မာပြီးအေးအေးဆေးဆေးနေတတ်တဲ့သာမန်ကလေးတစ်ယောက်ပါဘဲ။ ဒါပေမယ့်သူများတွေရဲ့အမြင်မှာတော့ရှောင်းကျန့်ကကံဆိုးမှုရဲ့ပြယုဂ်လေးဘဲဖြစ်နေခဲ့တယ်။ မားမားကိုပါးပါးထားသွားအောင်ရှောင်းကျန့်လုပ်တာမဟုတ်ပါဘူး။ ဘာကြောင့်ထားခဲ့လဲဆိုတာလည်းရှောင်းကျန့်မသိဘူး။ ဒါပေမယ့်လူတွေကတော့သူ့ကိုဘဲလက်ညှိုးထိုးရှောင်ဖယ်ကြတယ်။ မားမားကိုပါးပါးဘယ်မှာလဲလို့မေးရင်မားမားကရှောင်းကျန့်ကိုရိုက်တယ်။ ဘယ်လောက်ဆိုးဆိုးပါးပါးကိုမတရင်ပြီးရောဆိုတာကို မားမားကခဏခဏပြောတယ်။ သူကကလေးဆိုးတစ်ယောက်မဖြစ်ချင်ခဲ့ပါဘူး။

ငါးနှစ်အရွယ်ရှောင်းကျန့်ရဲ့အိပ်မက်တွေနဲ့ဆန္ဒတွေကအရမ်းကိုရိုးစင်းလွန်းပါတယ်။ နွေဦးပွဲတော်နဲ့နှစ်ကူးပွဲတော်ရက်တွေမှာ မားမားနဲ့အိမ်နီးနားချင်းတွေဆီကမုန့်ဖိုးလိုချင်ခဲ့တာကလွဲရင်ရှောင်းကျန့်မှာလောဘမရှိပါဘူး။ ဒါပေမယ့်ဆန္ဒနဲ့ဘဝကတစ်ထပ်တည်းမကျဘူးဆိုတာကိုမားမားနဲ့နှစ်ယောက်တည်းဖြတ်သန်းခဲ့ရတဲ့နွေဦးနဲ့နှစ်ကူးပွဲတော်တွေကြောင့် ရှောင်းကျန့်နားလည်ခဲ့ပါတယ်။ မနှစ်လိုတဲ့အိမ်နီးနားချင်းတွေရဲ့အပြုအမူတွေကိုသိရအပြီးမှာ ရှောင်းကျန့်ကနှစ်ကူးမုန့်ဖိုးလိုက်မတောင်းတော့ဘူး။ ကလေးပီပီဝမ်းနည်းလို့အခန်းရဲ့ထောင့်လေးထဲမှာကြိတ်ငိုခဲ့မိတာကလွဲရင် ရှောင်းကျန့်ကအရာအားလုံးကိုအသားတကျဖြတ်သန်းခဲ့ပါတယ်။

Came From Deepest Somewhere [Complete]Where stories live. Discover now