Chapter-29

1.7K 159 9
                                    

Uni
/

ဖုန်းနံပါတ်ကလေးရလာတဲ့ဝမ်ရိပေါ်က ကမ္ဘာကြီးတစ်ခုလုံးကိုအပိုင်စားရလိုက်သလိုဘဲပျော်နေတယ်။ ပြီးတော့ဝမ်ရိပေါ်ရဲ့နိစ္စဓူဝမှာအရိပ်တကြည့်ကြည့်မြတ်နိုးခြင်းဆိုတဲ့အလုပ်သေးသေးလေးတစ်ခုပိုလာတယ်။ ဥပမာ-ညဘက်အလုပ်ဆင်းတာနဲ့ညစာမှန်မှန်မစားတဲ့ကျန့်ကောဆီကိုတစ်ခုခုဝယ်ပြီးလာပေးတာမျိုး၊ ရာသီဥတုအေးတဲ့အခါမျိုးမှာအနွေးထည်သတိတရဝတ်ဖို့စာလှမ်းပို့တတ်တာမျိုး၊ ညဘက်တွေစောစောအိပ်ဖို့စိတ်ပူစွာနဲ့မှာတတ်တာမျိုး စတဲ့တာဝန်မမည်တဲ့ချစ်ခြင်းသေးသေးလေးတွေက ဝမ်ရိပေါ်ရဲ့နေ့စဥ်လုပ်ငန်းမှာတခုတ်တရပါဝင်ပတ်သက်လာပါတယ်။ သိပ်ချစ်တတ်လွန်းတဲ့ဝမ်ရိပေါ်က ခွင့်ပြုချက်ရပြီးသားကိုတောင်ဖုန်းခဏခဏဆက်ရင်စိတ်ရှုပ်ရမှာစိုးတယ်ဆိုတဲ့အကြောင်းပြချက်ကိုလက်ကိုင်ထားမိတဲ့အခါ အကြောင်းအရာတစ်ခုခုအတွက်ပြောပြစရာဟာစာလုံးကလေးတွေဖြစ်လာပါတယ်။

အဆောင်ပြန်တာနောက်ကျလို့အဆောင်တံခါးပိတ်သွားတဲ့အခါတိုင်းကြုံရာစာသင်ခန်းတစ်ခုခုမှာဝင်အိပ်ရတာကိုနေသားကျလာတယ်။ အမြဲတမ်းတော့မဟုတ်ပေမယ့်ကျန့်ကောညစာမစားမှာစိုးလို့တစ်ခုခုသွားပို့ရတဲ့ရက်ကများနေတော့စာသင်ခန်းနဲ့ရိပေါ်နဲ့ကရင်းနှီးနေပြီ။ လင်းဝေ့ကတော့'တော်တော်ဖြစ်နေပြီဘဲ'ဆိုတာကိုခဏခဏပြောတယ်။ ရိပေါ်ကတော့အမှတ်မရှိပါဘူး။ ညစာအတွက်တစ်ခုခုသွားပို့တုန်း၊စာသင်ခန်းထဲမှာအိပ်ရတတ်တုန်း။ ဝမ်ရိပေါ်ကတကယ့်လူဆိုးလေးပါဘဲ။ ဒီလောက်ထိတမြတ်တနိုးချစ်ရတာတောင်အခုထိသေချာဖွင့်မပြောရသေးဘူး။ ပြီးတော့စာသင်ခန်းထဲမှာခဏခဏအိပ်ရတတ်တဲ့အဖြစ်ကိုလည်းကျန့်ကောမသိပါဘူး။ သိဖို့မလိုဘူးလို့လည်းရိပေါ်ကတွေးပါတယ်။ တစ်ခုခုဆိုကျန့်ကောကြောင့်ဆိုပြီးအပြစ်တင်အကြောင်းရှာဖို့တစ်ခါလေးမှမတွေးခဲ့တဲ့သူဟာဝမ်ရိပေါ်ပါဘဲ။

ကျန့်ကောကိုပြန်တွေ့ပြီဆိုတဲ့အကြောင်း မားမားကိုပြောပြတော့ မားမားက'အားကျန့်ကိုကျိန်းသေပြန်ခေါ်ခဲ့'ဆိုတာကိုဘဲတဖွဖွပြောတယ်။ သားအမိနှစ်ယောက်ရဲ့ဖုန်းပြောချိန်ဟာ ကျန်းမာရေးဂရုစိုက်ဖို့၊အချိန်မှန်စားဖို့၊စောစောအိပ်ဖို့တစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်မှာကြတာနဲ့အစပြုပြီး ကျန့်ကောကိုမြို့ငယ်လေးဆီပြန်ခေါ်လာဖို့ပြောတဲ့မားမားရဲ့စကားသံနဲ့ဘဲအဆုံးသတ်ကြစမြဲပါဘဲ။ တစ်စုံတစ်ယောက်ကိုချစ်နေရတာကိုကကံကောင်းခြင်းတစ်မျိုးဆိုတာသိပ်မှန်ပါတယ်။ မားမားကရိပေါ်နဲ့ကျန့်ကောကိုမေတ္တာထားရတာနဲ့တင်အေးချမ်းနေတဲ့သူ။ ဝမ်ရိပေါ်ကတော့ဘာအလိုဆန္ဒမှမပါဝင်ပါဘဲအဲ့ဒီအစ်ကိုကြီးအတွက်သာဆိုရင်အဆောင်တံခါးပိတ်ထားတာကိုတောင်ပြုံးကြည့်နေနိုင်တဲ့သူပါဘဲ။ ချစ်ကြည့်တော့လည်းချစ်ချင်စရာဆိုတာမျိုးမဟုတ်ပါဘူး။ ရှောင်းကျန့်ဆိုတဲ့အစ်ကိုကြီးကကျ မချစ်ကြည့်ဘဲမနေနိုင်အောင်ကိုချစ်ချင်စရာ။

Came From Deepest Somewhere [Complete]Where stories live. Discover now