အိပ်ယာနိုးချိန်မှာ နောက်တစ်နေ့နံနက်ကို ရောက်နေခဲ့ပြီ....ချူရှင်း ထင်မှတ်မထားဘဲ ဒီမှာ ညအိပ်ဖြစ်ခဲ့တယ်....သူ (ရှဲ့ဟယ် )ကို ပွေ့ဖက်ထားရင်းနဲ့ပေါ့........

ရှဲ့ဟယ် မသိမသာ လှုပ်ရှားလိုက်တာကြောင့်  ချူရှင်းပါနိုးသွားခဲ့တယ်.....သူ ဒီဘုရင်ဆိုးလေးကို တညလုံးကို ဆက်ဆံခဲ့တယ်....ဒါ့ကြောင့် ဘုရင်ဆိုးလေးရဲ့ ဒေါသအကြည့်တွေကို အရသာခံကြည့်မနေတော့ဘဲ.....

" နိုးပြီလားအရှင်မင်းကြီး...."

ရှဲ့ဟယ်ရဲ့ မျက်နှာက အလွန်တရာဖြူဖျော့လွန်းနေတယ်...ဒါ့အပြင် နှုတ်ခမ်းထောင့်ကနေလဲ သွေးတွေစီးကျနေတယ်.....သို့ပေမယ့်လဲ  အလွန်တရာ တည်ငြိမ်နေတယ်...

ချူရှင်း ဒါကို သိပ်အရေးမထားဘဲနေလိုက်တယ်.....အိပ်ယာထဲကနေ ထွက်ဖို့ လုပ်နေတုန်း အိပ်ယာခင်းတစ်ခုလုံးစိုစွတ်နေတာကို သတိပြုမိလိုက်တယ်....ရှဲ့ဟယ်ကို ကြည့်လိုက်ပြန်တော့လဲ မျက်လုံးတွေ အတင်းမှိတ်ထားပြီး  သွေးတွေစီးကျလာတဲ့အထိ နှုတ်ခမ်းသားတွေကို ကိုက်ထားတယ်......

ဒီသစ္စာဖောက်ကောင်က သူလို ဧကရာဇ်တစ်ပါးကို အရှက်ကမ်းကုန်တဲ့အထိ ဆော့ကစားခဲ့တယ်လေ....သူသိပ်ကို ရှက်နေမှာပဲ.....

ချူရှင်း ဒီဘုရင်ဆိုးလေး သူ့ကိုယ်သူထိခိုက်အောင် လုပ်တာမျိုးကို လက်မခံနိုင်တာကြောင့် ပါးစပ်ဟလာအောင် မနည်းကြိုးစားနေတယ်....အမိန့်ပေး လိုက်တဲ့လေသံကိုက အလွန်တရာလေးနက်လွန်းနေတယ်....

" ပါးစပ်ဟစမ်း ! !!!!"

ရှဲ့ဟယ်ကို ကြည့်ရတာ အရာအားလုံးကို လက်မြှောက်အရှုံးပေးလိုက်သူတစ်ဉီးလိုပါပဲ...ချူရှင်းရဲ့ အမိန့်ပေးသံကြောင့် ဖြည်းညှင်းစွာ ပါးစပ်ဟလိုက်လေတော့တယ်.....

အဲ့တော့မှသာ ချူရှင်း ရှဲ့ဟယ်ကို လွှတ်ပေးလိုက်တယ်....ထပ်ပြီးသေချာကြည့်လိုက်တော့မှ ရှဲ့ဟယ် လက်သီးတွေကို တင်းနေအောင် ဆုပ်ထားမှန်းသတိထားမိလိုက်ပြန်တယ်....

လက်သည်းတွေ အသားထဲစိုက်နေတဲ့အထိ လက်သီးဆုပ်ထားတာကြောင့် လက်သီးဆုပ်ထဲကနေ သွေးတွေစီးကျနေပြန်တယ်....

ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်ကိုဖြား​ယောင်းခြင်းနည်းဗျူဟာWhere stories live. Discover now