မိန်
🌼pann
Part (5)
8.12.2022 ကြာသပတေးနေ့..။
ကိုယ့်အတွက် အရေးပါတဲ့နေ့တစ်နေ့လို့မှတ်တမ်းတင်လို့ရပြီပေါ့..။
ကိုယ် မင်းနဲ့ဆုံဖို့မမျှော်လင့်ထားတဲ့နေ့လေးကျမှ ရုတ်တရက်ကြီး ဆုံလည်းဆုံတဲ့အပြင်ကို မင်းနဲ့ပါရင်းနှီးခဲ့ရတယ်..။
မင်းတော့မသိဘူး.. ကိုယ့်မှာမင်းကိုမြင်တော့ ကိုယ့်အချိန်နာရီတွေ ရပ်တန့်သွားသလိုပဲ ။
ကိုယ်မျက်လုံးထဲမှာလည်း မင်းတစ်ယောက်ထဲကိုပဲ မြင်ခဲ့တာ..။
ကိုယ်ထင်တာတော့ ကိုယ်တို့တွေ့ချိန်လောက်က ဆယ်နာရီကျော်ဝန်းကျင်လောက် ဖြစ်မယ်ထင်တယ်..။
ကိုယ်တို့အဖွဲ့အတန်းလစ်ပြီး ကန်တင်းဘက်ထိုင်တဲ့ချိန်လေ...
" ညက အိပ်ရတာအဆင်မပြေတော့ တစ်ကိုယ်လုံး ကိုက်ခဲနေတာပဲ.. "
" မင်းမှလား.. ညကဘယ်လိုအိပ်လိုက်တယ်မသိဘူး ဇက်ကြောတွေနာပြီး တစ်ဖက်နဲ့တစ်ဖက်တောက်ကောင်းကောင်းလှည့်မရဘူး "
" ဘယ်ကောင်ပြောတာလဲ..ဒီအတိုင်းပဲ အိပ်မယ်လို့"
" အတူတူနဲ့အနူနူပဲ ပြောမနေနဲ့.."
" စာကိုကောင်းကောင်းလိုက်မကြည့်နိုင်ဘူး.. "
" ငါဆို ဘာသင်လို့သင်နေမှန်းတောင်မသိဘူး.."
တစ်ယောက်တစ်ခွန်းပြောနေတဲ့ချိန် ဘေးနားဝိတ်တာလေးက ရောက်လာတော့ ကိုယ်စားချင်တာကိုယ်မှာလိုက်သည်..။
သောက်ဖို့ပါ တစ်ပါထဲထည့်မှာလိုက်သည်..။
ကိုယ့်ဝိုင်းနဲ့ကိုယ်စားသောက်ရင်း စကားပြောနေတာကို ထဖောက်လာတာကရဲရင့်..။
YOU ARE READING
မိန် ( Unicode)
Romanceကျွန်တော့်ဒိုင်ယာရီစာအုပ်လေးရဲ့ စစပိုင်းစာရွက်ဖြူဖြူလေးမှာ ခေါင်းစဥ်တပ်ရေးချလိုက်တာက မိန် တဲ့..။ ဗမာလို ခေါ်ရင်တော့ မိန် ပေါ့ဗျာ..။ တရုတ်လို မိန် ဆိုတဲ့အဓိပ္ပါယ်က လှပတာကို ကိုယ်စားပြုတယ်..။ ကျွန်တော့်ရဲ့လှပတဲ့အရာလေးတွေကို စုထားတဲ့ ဒိုင်ယာရီစာအုပ်လေး...