Part (6)

251 21 1
                                    






မိန်




🌼pann




Part (6)






လျန်းလျန်းအဆောင်ကိုထွက်ခဲ့ရင်းကနေ ဆိုင်မှာပဲစောင့်နေပေးဖို့ ဖုန်းနဲ့လှမ်းပြောတော့ အနီးနားက မာလာရှမ်းကောဆိုင်မှာပဲ ကျွန်တော်ဝင်ထိုင်ပြီးစောင့်နေလိုက်သည်..။

နှစ်ယောက်သား ရေပဲမှာပြီး ရေသောက်ကာစောင့်နေရသည်..။

ဆယ်မိနစ်ထိုင်တဲ့ထိ ပေါ်မလာကြသေးတော့..

" ရဲရင့်..မင်းဟာက ဟုတ်ရောဟုတ်ရဲ့လား..သက်သက်မဲ့ငါတို့ကို ကြပ်နေတာလား"

ပြောမရဘူး..။

သူ့ကိုသက်သက်လာနှောက်ကြတဲ့ အစ်ကိုတွေဆိုပြီး ပါးပါးလေး lesson ပေးနေရင်ပေးနေမှာ..။

" မဟုတ်ပါဘူးကွာ မင်းကလည်း..စောနကလည်းမင်းကြားတာပဲ မဟုတ်ဘူးလား..လာမယ် စောင့်နေပါတဲ့.. "

" ခုထိမရောက်လာသေးလို့ ပြောနေတာပေါ့.. "

" ခုမှစထိုင်တုန်းပဲ ရှိသေးတာကို မင်းကလည်း..အေးဆေးပေါ့ "

" ဟွင့်..ခုမှစထိုင်တုန်းလုပ်နေ..ခဏနေကျမှ ပလေးခံရလို့ အခွက်တစ်မျိုးပြောင်းကြည့် "

" ပလေးခံစရာ ရုပ်ခံလား..တစ်ချက်ရှိုးကြည့်အုံး"

" ပါးစပ်က မဟုတ်တာကစပြောပြီ..မိန်းကလေးပဲကွာ နည်းနည်းတော့ကြာမှာပေါ့ "

" အေးပါ.. ခုမှတော့ စောင့်နေရုံပဲရှိတော့တာပေါ့"

ပလေးခံရတယ်ဆိုလည်း အဆုံးထိဆက်ပလေးခံပေးရအုံးမှာက ကျွန်တော်တို့လို ယောကျ်ားသားတွေကိုး..။

မိန်းမသားတွေကို တွန်းလှန်နိုင်ဖို့ခွန်အားမှမရှိ..။

စောင့်နေရင်းနဲ့ ရေနောက်တစ်ခွက်မော့သောက်လိုက်သည်..။

အဆောင်ပြန်ရောက်ရင်တော့ အပေါ့ခဏခဏသွားနိုင်ခြေရှိလည်း မတတ်နိုင်တော့..။

" လာပြီ..လာပြီ ဟိုမှာ "

ရဲရင့်က ကျွန်တော့်ပခုံးကိုပုတ်ပြီးပြောလို့ ပါးစပ်ထဲရေငုံထားရင်း ခေါင်းလှည့်ကာလှည့်ကြည့်မိသည်..။

မိန် ( Unicode)Opowieści tętniące życiem. Odkryj je teraz