မြတ်နိုးမှု့တွေဖြင့် ငေးကြည့်နေသည့် မော့ကျန်း၏ အကြည့်တွေကို သတိထားမိဟန် ကောင်လေးက လှည့်ကြည့်လာကာ အတောက်ပဆုံးပြုံးလေသည်။

ကောင်လေး၏ အပြုံးတွေကြားမှာ မော့ကျန်းက ရစ်မူးသွားရင်း သေးသွယ်သော ခါးထက်ဖျစ်ညစ်ရင်း အနမ်းပေးသည့်အခါ ကောင်လေးကလည်း အနမ်းနွံ့ထဲ နောက်တစ်ဖန် စီးမြောလာလေသည်။

နမ်းရှုပ်သံတွေနဲ့ ပင်သက်ရှိုက်သံတွေက အခန်းအတွင်း ပျံ့လွင့်လာသည်နှင့်အမျှ ရင်းနှီးလွယ်သည့် ခန္ဓာကိုယ်တွေက နောက်တစ်ဖန်ဆက်နွယ်သွားပြီး အချစ်ခရီးထဲ တိုးဝင်ဖန်တီးနေကြတော့သည်။

-----------------------

"Boss ဟိုဘက်က တွေ့ဖို့လက်ခံလိုက်ပါပြီ"

အတွင်းရေးမှူး၏ စကားအဆုံးမှာ ဟယ်ရီက ချက်ချင်းပင် ထိုလူရှိရာနေရာကို လိုက်သွားမိတော့လေသည်။

ဟယ်ရီက တစ်ဖက်လူက တွေ့ဖို့လက်ခံလိုက်ပြီမို့ ညိှနှိုင်းလို့ ရမည်ဟု ထင်မိသည်။

သူ့ကားက ကြီးမားသည့် အိမ်ရှေ့၌ ရပ်လိုက်ပြီဆိုရင်ပဲ အိမ်ထဲမှ အနက်ရောင် ဝတ်စုံပြည့်ဖြင့် လူနှစ်ယောက် ထွက်လာပြီး.....

"Bossက အပေါ်မှာ စောင့်နေပါတယ်"

ဟုပြောကာ သူတို့နောက် လိုက်လာစေသည်။

ဟယ်ရီက တစ်ဖက်လူ ခေါ်ဆောင်ရာကို လိုက်သွားပြီး မကြာခင်မှာဘဲ အခန်းထဲ ဝင်ရောက်လာသော လူကို တွေ့မြင်လိုက်ရသည်။

"ဟယ်ရီ အင်န်တီဂိုးရက်ပါ"

"ဒေးဗစ် စတိစ်ဝဲလ်"

"လာရင်းအကြောင်းအရင်းကိုလည်း သိနေလောက်ပြီဆိုတော့ စကားပုလ္လင်မခံတော့ဘူး Mr ‌ေဒးဗစ် ကျွန်တော်ကို ရှယ်ယာတွေ ပြန်ရောင်းပေးလို့ရမလား"

မော့ကျန်းက ဇာတ်လိုက် အလျင်လိုနေသော ပုံစံကြောင့် လှောင်ရယ်လိုက်ရင်း.....

"တစ်ခုခုအထင်လွဲနေပြီနဲ့တူတယ် ရှယ်ယာတွေက ကိုယ့်အပိုင်မဟုတ်ဘူး"

"ဘာကို ဆိုလိုချင်တာလည်း ၊ စုံစမ်းတော့ ရှယ်ယာတွေက ခမ်ဗျားနာမည်နဲ့ပါ"

My man is the Final BossWhere stories live. Discover now