Arc 3.9 (End)

3.7K 379 12
                                    

<Unicode>
လီယံက သူ့အားနောက်ကျောပေးကာ ရေခဲမုန့်စားနေသော လူနှစ်ယောက်ကို အထူးအဆန်းဖြစ်လို့နေလေသည်။

အချိန်နည်းနည်းကြာလာတော့ ဒီလူတွေက သူ့ကိုထိခိုက်စေလိုတဲ့ သဘောမရှိဘူးဆိုတာကို သူသိလာရသည်။

အဲလိုဆိုပြီး သူတို့က ပိုက်ဆံလိုချင်လို့ သူ့ကိုပြန်ပေးဆွဲတာလည်းမဟုတ်။

ထိခိုက်စေချင်တယ်ဆိုရင်တောင် သူ့ကို အစောင့်တွေနဲ့ ထားထားတာကလွဲရင် ဘာမှတောင်မလုပ်ဘူး။

ဒါ့ကြောင့်လည်း သူပို၍အတွေးများရလေသည်။

ထို့ပြင် ကိုကို၊ ဒီချိန် ကိုကိုက သူ့ကိုိစိုးရိမ်နေရလို့ အရမ်းစိတ်ပူနေမှာ။

မော့ကျန်းက အချိုစားရတာ သဘောမကျပေ။

သို့သော် သူ့ချစ်သူက အချိုစားရတာ သဘောကျသည့် ကောင်လေးဖြစ်တာမို့ သူက ချစ်သူအလိုကျ လိုက်လျောပေးတာဖြစ်သည်။

သူက ရေခဲမုန့်ကိုတစ်ကိုက် ကိုက်လိုက်ရင်း အတွေးလွန်နေသည့် ကောင်လေးကို ငေးကြည့်လိုက်သည်။

သို့သော် သူက ကောင်လေး၏ အတွေးတွေကို ဝင်နှောက်ယှက်ဖို့ စိတ်ကူးပင်မရှိပေ။

ဘာကြောင့်လည်းဆိုတော့ ဒီကမ္ဘာမှာက သူချစ်သူ၏စိတ်ကူးတွေက သူ့အကူအညီမပါဘဲနှင့်တောင် ကြီးမားနေတာကြောင့်ပင်။

သူ့ချစ်သူလေးက ထက််မြက်ပြီး ကြံစည်တတ်တဲ့ လူဆိုးလေးဖြစ်တာမို့ သူ့ပါဝင်နှောက်ယှက်စရာမလိုအောင်ကို တော်လေသည်။

နီယိုက သူထံကျရောက်နေသော ဒေးဗစ်၏ အကြည့်များကို သတိထားမိတာကြောင့် ဒေးဗစ်ထံ အကြည့်တစ်ချက်ပေးလိုက်လေသည်။

သို့သော် တစ်ဖက်လူက သူ့အား ချစ်ရည်ရွန်းလဲ့သော အကြည့်များဖြင့် ငေးကြည်နေတာကို တွေ့မြင်သည့်အခါ သူပြုံးလိုက််မိတော့သည်။

ထိုလူဟာ အရူးအတိုင်းပင်။ အချိုမကြိုက်တာတောင် သူ့စားရင် မျက်နှာတစ်ချက််မပျက်ဘဲ လိုက်စားပေးတယ်။

သူ့ရဲ့ အဆိုးရွားဆုံး အပြုအမူတွေနဲ့ လုပ်ရပ်တွေကို သိပေမဲ့လည်း ဂရုမစိုက်ဘဲ သူ့ကိုချစ်ဖို့ပဲ သိလေသည်။

My man is the Final BossWo Geschichten leben. Entdecke jetzt