(စာတိုလေးပါ ရောက်တတ်ရာရာ)
Jimin:"မောင်...ဒီနေ့ဘာနေ့လဲသိလား...''
Jungkook:"စနေနေ့လေ ကလေးရဲ့...''
Jimin:"မောင်ကလဲ... အကောင်းမေးနေတာကိုကွာ...
ကောင်းကောင်းဖြေ..''
Jungkook:" ဘာနေ့ပါလိမ့်..ဒီနေ့က....
မောင့်ချစ်သူလေးရဲ့ မွေးနေ့လဲ
မဟုတ်ရပါဘူး..Anni date လဲ မဟုတ်ဘူး....
စတွေ့တဲ့ နေ့လဲမဟုတ်ဘူး...ဒီပါးလေးကို
စပြီး နမ်းခွင့်ရတဲ့နေ့လဲ မဟုတ်ဘူး....''
Jimin:" မောင်က အာ့ဒါတွေ အကုန်မှတ်မိလို့လား...''
Jungkook:"ဒီချစ်သူလေးနဲ့ ပတ်သတ်တာဆို မောင်က
အကုန်မှတ်မိတယ်.... မောင်မသိတာဘာမှမရှိဘူး...''
Jimin:"တော်ပါ..ဒီချစ်သူလေးရှိရင် ဟိုချစ်သူလေးဆိုတာလေးရှိရင် ရှိနေမှာပဲ...ဟွန်းးး''
Jungkook:" မောင့်ကလေးလောက် မလှရင် ရန်မခုန်ပေါင်...''
Jimin:" အဟင်း...မောင်ကလေ စကားကတော့သိပ်တတ်..''
Jungkook:'' မေမေနဲ့ တူတာလေ....ဖေ့ဖေ့ကို ခြွေခဲ့တဲ့အကွက်တွေပေါ့ ဟဲဟဲ...''
Jimin:" ကဲ..သွား..ပြုံးစိစိနဲ့ လာလုပ်မနေနဲ့....
မေးနေတာဖြေလေ...ဒီနေ့ဘာနေ့လဲဆို...''
Jungkook:" မောင့် ကလေး လေးက မောင့်ကို
စိတ်မဆိုးရဘူးနော်...မောင်..မောင် မသိဘူး...
ဒီနေ့ကဘာနေ့လဲဆိုတာ.....''
Jimin:" ဟွန်းးးး''
များပြားလှတဲ့ Date တွေ အကုန် မှတ်မိပေမယ့်
ဒီနေ့ဟာ ဘာနေ့မှန်း မောင်တစ်ယောက် စဥ်းစားမရ...
မောင့်ချစ်သူလေးက စိတ်ကောက်ကာ
တစ်ဖက်လှည့်သွားတော့ ကျောပြင်လေးကို ငေးကြည့်ကာ
မောင်တစ်ယောက် ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေပြီ....
စိတ်ကောက်လို့ မဖြစ်ဘူး ...
မျက်နှာလေးညိုးရင်တောင် မောင်ရင်နာရတာ....
စိတ်ကောက်လို့ လုံးဝမရပါဘူး...
ဂိမ်းဆော့လက်စ ဖုန်းကို ပစ်ချပြီး
ဘာနေ့လဲ ဆိုတာကို
အသည်းအသန် စဥ်းစားကာ ပေမယ့် မောင့်ခေါင်းက
အလုပ်မလုပ်.....
Jimin:" သိဘူး မှတ်လား...''
လက်ကလေးပိုက်ကာ နူတ်ခမ်းလေးဆူရင်းပြောတော့...
မောင့်မျက်နှာဟာ အတော်လေး ပြိုပျက်နေပြီ...
တန်ဖိုးထား ချစ်ရတဲ့ သူလေးဆိုတော့လဲ
သူ့ မျက်နှာလေး ပျက်တာနဲ့ ကိုယ့်မှာ ကမ္ဘာပြိုနေပြီ...
Jungkook:" မောင်..တကယ်.. စဥ်းစားမရ...''
Jimin:'' စနေတာကို မောင်ရယ် မျက်နှာကလဲ...
အပျက်ပျက်အယွင်းယွင်း နဲ့.... ကိုယ်က စတာပါ...
မောင့်ကို surprise လေး လုပ်မို့...''
Jungkook:" မောင်လန့်သွားတာပဲ...စိတ်ကောက်ပြီ ထင်လို့..''
Jimin:" ဒီမှာ.. ကိုယ်ဘာရလာလဲဆိုတာကြည့်...''
Jungkook." ဒါ..ဒါက...concert လက်မှတ်ပဲ..''
Jimin:" အင်း...မောင့်အတွက်....
ခဲအိုနဲ့ အတူတူသွားပြီး အများကြီးပျော်ခဲ့...မောင့်ကိုချစ်လို့
အလိုလိုက်တာနော်...''
Jungkook:" ချစ်မဝလေး...မောင့်ကလေးလေး..ကြည့်စမ်း!
အဲ့လိုလေးတွေ အလိုက်သိလို့
မောင်ကအချစ်တွေပိုနေရတာ....''
Jimin:" အလိုက်သိရမှာပေါ့...မောင့်ချစ်သူပဲကို...
ချစ်လို့နော်...အလိုလိုက်တာချစ်လို့...''
Jungkook:" အတူတူသွားမယ်လေ...
ဒီအကောင်ပေါက်လေးကိုရင်ခွင်ထဲထည့်
မောင့် fav songs တွေ မင်းလေးကဆို ...
မောင်ကထိုင်ငေးမယ်....
ဘေးက အချစ်ရဲ့ အလှကိုငေးမယ့်ကောင်တွေကိုတော့
မောင့်တာဝန်ထား...''
Jimin:" ပိုလွန်းလို့ မောင်မောင် ပိုလို့ခေါ်မယ်....
ကိုယ်မနက်ဖန် schedule ရှိတာမို့ မောင်ပဲသွားပါ...
တစ်ယောက်ထဲဆိုရင် အစဥ်မပြေမှာစိုးလို့
ခဲအိုကိုပဲ ထည့်ပေးလိုက်တာ....
မောင်ပျော်ရင် ကျေနပ်တယ်....''
Jungkook:" မောင့်ကို သဝန်မတိုဘူးလား ဟင်..''
Jimin:" အော်...မောင်ရယ်...ချစ်မိပြီဆိုမှတော့...
ကို့ချစ်သူ အကြိုက်ဟာလဲ ကိုယ့်အကြိုက်....
မောင့် ချစ်ရတဲ့ idol ကလဲ ကိုယ့် idol ပဲပေါ့
သဝန်တိုစရာလား...မောင့်ချစ်သူလေး
ဘယ်လောက် သဘောကောင်းလဲဆိုတာ
မသိတာကျ...''
ရင်ခွင်ထဲက အကောင်ပေါက်လေးကို
တင်းကြပ်နေအောင်ဖက်ထားရင်း
စိတ်ပါလက်ပါ အော်ရီမိသည်အထိ....
ဒီလောက်ထိ လှပြီး ချစ်ဖို့ကောင်းတဲ့ ချစ်သူလေးကို
ရထားတာမို့ ရူးတယ်....အသေပဲ...
ခင်ဗျား တို့မှာ မရှိဘူး မဟုတ်လား...
မရှိရင် မရှိသလိုနေ..😎😎
