"ထတော့ မျက်နှာသစ် "

"အိပ်ပါအုံးမယ် ခဏခဏမျက်နှာလာသစ်ခိုင်းနေတယ် မေမေတို့ကလည်းအကျင့်မကောင်းလိုက်တာ.. ကျွန်တော့်ကျမခေါ်ဘူး"

"အယ် မင်းကတော့လေ.. ဆရာ့ကိုလည်းအပြစ်ပြောတယ် မိဘကျတော့လည်းအကျင့်မကောင်းဘူးတဲ့.. မင်းအမေက မင်းဆေးသောက်ပြီးအိပ်ထားတော့ အိပ်ရေးပျက်မှာစိုးလို့မခေါ်တာ.. "

"ဟွန့်.. ကားပေါ်မှာအိပ်လိုက်လို့ရတာပဲ"

"အဲ့ဒါဆို မင်းသူငယ်ချင်းမွေးနေ့မသွားတော့ဘူးလား "

"ဟင် မွေးနေ့? "

ဘယ်သူမွေးနေ့ပါလိမ့်?စဥ်းစားကြည့်ရင်း ပြက္ခဒိန်ကိူအကြည့်ရောက်မိတော့ ဒီနေ့ရက်စွဲဘေးမှာရေးထားတဲ့ "Sunghoon's birthday"ကိုမြင်လိုက်ရသည်။ အားးသွားပါပြီ ခုထိလက်ဆောင်လည်းမဝယ်ရသေးဘူး မနေ့ကတောင် Sunghoonကမွေးနေ့မှာဘယ်သူတွေလာမယ်မလာဘူးနဲ့တောင် ပြောနေသေးတာလေ။လာဖို့‌မမေ့နဲ့လို့ သေချာပေါက်ပြောလွှတ်လိုက်ကာမှ ကိုယ်ကသေချာပေါက်မေ့ပစ်လိုက်တယ်။ တကယ်ပါပဲ Sunghoonသာသူ့မွေးနေ့မေ့နေတယ်ဆိုတာသာသိရင် ပိုးစိုးပက်စက်ပြောဆိူတော့မှာ မြင်ယောင်နေတယ်။

"ဆရာ ကျွန်တော့်ကိူကူပါအုံး မျက်နှာသစ်ချင်လို့"

"အော် မျက်နှာသစ်တာကူဖိူ့ အခန်းထဲဝင်လာပါတယ်ဆိူ လာတောင်းဆိုနေသေးတယ် "

"ဟီး ဆောရီးပါ"

အိပ်ရာပေါ်က‌နေ Taehyungကိုထဖို့ဆွဲထူရသည်။ မတ်တပ်ရပ်ရတာနဲ့ သန့်စင်ခန်းဆီသို့တွဲခေါ်ရသည်။ မျက်နှာသစ်ဖို့ သန့်စင်ခန်းပို့ပေးပြီး Jungkookကတော့ အပြင်သိူ့ပြန်ထွက်လာလိုက်သည်။ ခဏ‌နေတော့ Taehyungက အထဲက လာခေါ်ဖို့အသံပေးတော့မှ ဝင်ခေါ်ပြီးမနက်စာစားဖိူ့‌မီးဖိူချောင်ကို တွဲခေါ်သွားသည်။
ထမင်းစားဝိုင်းက ထိုင်ခုံမှာနေရာချပေးပြီး Taehyungကိုမနက်စာကျွေးဖို့ ဘာရှိလဲရှာဖွေရသည်။

"ဘာရှာနေတာလဲ ဆရာJungkook"

ကိုယ့်ကို မီးဖိူချောင်ထဲခေါ်လာပြီး အသည်းအသန်ဘာတွေရှာနေမှန်းမသိတာကြောင့် ဆရာJungkookကိုမေးလိုက်သည်။ ဂရုစိုက်တတ်သည့်ဆရာJungkookကို ပြောခဲ့မိတဲ့အမှား‌ေ‌တွက လက်ချိူးရေလို့တောင်ရပါ့မလားပဲ။ ခုချိန်များ ဆရာကိုအပြစ်ပြောအော်ဆိူဖူးတဲ့လူငရဲသွားဆိုလျှင် ကင်ထယ်ယောင်းက ထိပ်ဆုံးကပါလာမှာအသေချာပဲ။ အမှန်တော့ မရည်ရွယ်ဘဲပြောခဲ့မိတာတွေလည်း ပါမိပါတယ်။ တကယ်သာဆို ဆရာJungkookကိုစမြင်ဖူးတဲ့ပထမဆုံးစာသင်နှစ်ရဲ့ရက် ပထမစာသင်ချိန်တုန်းက ဒီဆရာနဲ့ခင်ချင်လိုက်တာဆိုတဲ့ အတွေးမျိုးတောင် ဝင်ခဲ့ဖူးပါသည်။ နောက်ကျမှဘယ်လိုတွေဖြစ်ပျက်သွားတာလည်းမသိတော့ဘူး။

𝓨𝓮𝓼 𝓞𝓻 𝓨𝓮𝓪𝓱⁽ᶜᵒᵐᵖˡᵉᵗᵉᵈ⁾Where stories live. Discover now