"ထတော့ ထတော့ .. ဆက်မအိပ်နဲ့တော့.."

အနားကိုသွားပြီးပုခုံးကိုလှုပ်နိုးလိုက်မှ အိပ်မက်ကမ္ဘာထဲကပြန်ရောက်လာတယ်ထင်ပါရဲ့။ တကယ်တတ်လည်းတတ်နိုင်တဲ့ကလေးပါပဲ။ သူ့မိဘတွေက  Busanကိုပြန်သွားကြတယ်လေ။ အကြောင်းကတော့ Jungminအမေကနေမကောင်းဖြစ်လိူ့တဲ့။ အရမ်းကြီးတော့ စိတ်ပူစရာမလိုပေမဲ့ Jungminက သူ့အမေကိုအတော်လေးစိတ်ပူနေတော့ Busanကိုသားမိသားဖသုံးယောက်သွားတယ်လေ။တစ်ညအိပ်ခရီးနဲ့တန်းပြန်လာမှာဖြစ်သည်။

Jungminနဲ့ကဇာတိအတူပဲပဲလေ။ အစကတော့ အမေနဲ့မတွေ့တာကြာပြီဆိုတော့ လိုက်သွားရင်ကောင်းမလားလို့တွေးပေမဲ့ Kim Taehyungကိုထားခဲ့မှာဆိုတော့အိမ်မှာလူကြီးတစ်ယောက်ကနေခဲ့ရမည်လေ။ Heeinကလည်း ယောက္ခမနေမကောင်းတော့ သေချာချက်ကျွေးချင်လို့ဆိုပြီးပါသွားတယ်။ Junghyungလေးကတော့ ပါလေရာငပိချက်လေးပဲ အမြဲသူမပါတဲ့ဇာတ်ပွဲဆိုတာမရှိဘူးလေ။ Kim Taehyungကိုမခေါ်တာကလည်း တခြားအကြောင်းကြောင့်မဟုတ် မနက်အစောကြီးထသွားကြတာဆိုတော့ ဆေးအရှိန်နဲ့အိပ်နေတဲ့ Taehyungကိုအိပ်ရေးပျက်မှာစိုးလို့ဆိုပြီ Heeinကမခေါ်ဘဲထားခဲ့တာဖြစ်သည်။ပြီးကျတော့ ဒီနေ့က Taehyungသူငယ်ချင်းကောင်လေးမွေးနေ့တဲ့ ဘယ်သူလဲဆိုတာတော့ကိုယ်လည်းသေချာမသိပေ။ Kim Taehyungကခြေ‌ကျင်းဝတ်ကခိုက်မိထားတော့ သူ့ကိုလက်ဆောင်ဝယ်တာတွေ မွေးနေ့ပွဲတွေလိုက်ပို့ဖို့လူကလိုသေးတော့ ကိုယ်ပဲနေခဲ့လိုက်တော့သည်။

"ဆရာက ဘာလို့ကျွန်တော့်ကိုလာနှိုးတာလဲ"

"အော်.. Jungminနဲ့Heeinတို့က Busanသွားတယ် မင်းအဖွားနေမကောင်းလို့တဲ့လေ"

"ဟာ ကျွန်တော့်ကိုကျမခေါ်ဘူး Junghyungရောပါသွားတာလား"

"အင်း ဟူတ်တယ်"

တကယ်ပါပဲ မေမေတို့က ကျွန်တော့်ကိုကျမခေါ်သွားဘူး။ ဆရာJungkookနဲ့တစ်အိမ်တည်းဘယ်လိုစိတ်နဲ့များထားခဲ့တာလဲ။ ဟူးး Busanကိုမသွားရတာအတော်ကိုကြာပြီ တစ်နှစ်၊တစ်နှစ်ခွဲလောက်တော့ရှိတော့မည်။ ဖွားဖွားကနေမကောင်းတာက တော်တော်များဆိူးနေလိူ့ ကိုယ့်ကိုတောင်မခေါ်နိုင်အောင်ထသွားကြတာလား။

𝓨𝓮𝓼 𝓞𝓻 𝓨𝓮𝓪𝓱⁽ᶜᵒᵐᵖˡᵉᵗᵉᵈ⁾Where stories live. Discover now