ဒါပေမဲ့ အဲလိုမျိုးလုပ်ဖို့ အခွင့်အရေးရှာမရဘဲ ဖြစ်နေခဲ့တယ်။ ကောင်လေးကိုလည်း မနစ်နာစေချင်ဘူး။ ထို့ကြောင့် ကောင်လေးအတွက် ဂုဏ်အသရေကြီးမြတ်တဲ့ အခွင့်အရေးတစ်ခု ရှာဖွေပေးချင်ခဲ့ပြီး လူတိုင်းရဲ့ကောင်းချီးမင်္ဂလာကို လက်ခံစေလိုခဲ့တယ်။ ဒီလိုနဲ့ ကောင်လေးရဲ့ နန်းတက်ပွဲအချိန်အခါက အသင့်လျော်ဆုံး အချိန်ကောင်းတစ်ခု ဖြစ်လာခဲ့တယ်။ ထို့ကြောင့် ရင်းဆုယဲ့က သူတို့နှစ်ဦးရဲ့ဆက်ဆံရေးကို စင်မြင့်ထက်မှာ ကြေညာဖို့ ရွေးချယ်လိုက်တော့တယ်။ ဒီအခွင့်အရေးကို အသုံးချပြီး အခမ်းအနားကို အကြီးကျယ်ဆုံး အခမ်းနားဆုံး ဖြစ်လာစေဖို့ ရည်ရွယ်ထားခဲ့တယ်။

'ဘဝလက်တွဲဖော်' ဆိုတဲ့စကားကို ကြားလိုက်ရတဲ့အချိန် ရွှယ်ယို့ရှန်းမှာ ရှက်သွေးဖြာသွားရတယ်။ ရင်းဆုယဲ့က သူ့ရဲ့လက်ဖမိုးကို နမ်းရှိုက်လိုက်တော့ ပါးပြင်နှစ်ဖက်လုံး ရဲရဲနီလာခဲ့တယ်။ ရင်းဆုယဲ့က အမြဲတမ်း အခွင့်အရေးယူတတ်သလို နည်းလမ်းအမျိုးမျိုးနဲ့ 'တို့ဟူးစား'တတ်ပေမယ့် အများအားဖြင့် သူတို့နှစ်ဦးတည်းရှိတဲ့ အချိန်မှာပဲ ထိုသို့ပြုမူတတ်တာ ဖြစ်တယ်။ ဒါပေမဲ့ အခုတော့ လူအများရဲ့ရှေ့မှာ အနမ်းခြွေလာခဲ့တယ်။ လက်ဖမိုးကိုသာ နမ်းရှိုက်လိုက်ပေမယ့် အမြဲတမ်း အရှက်သည်းတတ်တဲ့ ရွှယ်ယို့ရှန်းကို ရှက်ရွံ့သွားစေခဲ့တယ်။ ရွှယ်ယို့ရှန်းခမျာ လူအများရဲ့တုံ့ပြန်ပုံကိုတောင် မော့မကြည့်ရဲတော့ဘူး။ အသံတိတ်၊ ခေါင်းငုံ့နေပြီး ရှက်ကိုးရှက်ကန်း ဖြစ်နေတော့တယ်။

ဧည့်ပရိသတ်တွေကတော့ သူတို့ရဲ့ဘုရင်မင်းမြတ် အရှက်ကြီးနေတာကို မသိကြဘဲ မိစ္ဆာဘုရင်နဲ့ လူသားဘုရင်တို့ ဘဝလက်တွဲဖော်တွေ ဖြစ်သွားပြီဆိုပြီး ကြေညာလိုက်တာနဲ့ အားပါးတရ ကောင်းချီးပေးကြတော့တယ်။ လူသားမျိုးနွယ်နဲ့ မိစ္ဆာမျိုးနွယ်က ဆက်ဆံရေး သိပ်မကောင်းပေမယ့် အချိန်ကြာလာသည်နဲ့အမျှ တဖြည်းဖြည်းချင်း စိတ်လျော့လာနိုင်ပြီဖြစ်တယ်။

အခမ်းအနား မစခင်ကတည်းက ရန်ယူရာက လက်ရှိအခြေအနေအတွက် ဖြစ်နိုင်ချေအမျိုးမျိုး တွေးထားခဲ့တယ်။ သူမက ကြေညာချက်ထွက်ပေါ်လာတာနဲ့ ထောက်ခံမှု၊ ကန့်ကွက်မှု၊ အရာအားလုံးကို စိစစ်ပိုင်းခြားနိုင်ဖို့ လူတချို့ကိုတောင် ကြိုတင်စေလွှတ်ထားခဲ့တယ်။ ပြီးနောက် အခြေအနေပေါ်မူတည်ပြီး လိုအပ်တဲ့လမ်းညွှန်မှုတွေ လုပ်ဆောင်ထားခဲ့တယ်။ ဒါမှ တိုင်းသူပြည်သားအားလုံး ဘုရင်မင်းမြတ်ရဲ့ ဘဝလက်တွဲဖော်ကို စိတ်ရောကိုယ်ပါ လက်ခံနိုင်လိမ့်မယ်။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now