သူ့ညီကကားပေါ်ကနေ ဘာလို့ပြေးနေတာလဲလို့ မေး‌တာလည်း မပြေးပါဘူးဆိူပြီ ဗြောင်လိမ်ပြီးထပ်ပြေးပြန်သည်။ ‌ဘာလို့များကားပေါ်တတ်ရမှာအဲ့ဒီလောက်ကြောက်နေလဲမသိပေ။ သူ့ကိုကိုက်စားမဲ့လူတွေပါနေတယ်လို့ Kim Taehyungကထင်နေတာလားပဲ။

ဇွတ်ကိုအရှေ့ကပြေးတဲ့အကျိုးကျေးဇူးက ခုတော့မှောက်ရက်လဲပြီ။ ပြန်ထရပ်ကြည့်ဖို့လုပ်နေပေမဲ့ ပြန်မထတာကိုကြည့်ရပုံအရ ခိုက်မိသွားတယ်ထင်သည်။  ကားကိုထိုးရပ်ပြီးအ‌နားကိုသွားတာတောင် Kim Taehyungက ဖင်ရွှေ့ပြီးသွားနေသေးသည်။ ဟူးး တကယ့်ကိုမလွယ်ကြောပါပဲ။

"Taehyung ‌ဘယ်နားထိခိုက်သွားသေးလဲ"

"ဟို.. ဆရာJungkook.. "

"ခုမှကြောက်ပြမနေနဲ့ နေ့လည်ကပြောသွားတုန်းကရော မကြောက်ဘူးလား.. ဘာမှစိတ်ထဲထားမနေပါနဲ့.. လူငယ်ဆိုတာ စကားပြောမှားမိတာရှိမှာပဲလေ"

"ဟုတ်ကဲ့ဆရာ"

ဆရာJungkookကခုလိုကျ‌တော့လည်း စိတ်ထားပြည့်ဝတာပဲ။ အစကတည်းက စိတ်ထားပြည့်ဝပေမဲ့ကျွန်တော်ကပဲတမင်တလွဲတွေလုပ်အရွဲ့တွေတိုက်နေမိလို့မမြင်မိတာလား။

"ဘယ်နားနာသွားလဲ ဆရာ့ကိုပြ.. "

"ဟုတ် ခြေကျင်းဝတ်ကနာနေတယ်"

"ဘယ်ခြေထောက်လဲ"

"ညာဘက်ကနာနေတာ"

ခြေထောက်ကိုကိုင်ပြီး ဘောင်းဘီးစကိုဆွဲတင်လိုက်တော့ ခြေကျင်းဝတ်ကအနည်းငယ်ယောင်နေသည်။ ဆေးနည်းနည်းပါးပါးလူးရင် ပျောက်သွားလောက်မည်ထင်ပါရဲ့ ဒါပေမဲ့လည်းကိုယ်ကအနောက်ကလိုက်လာလို့ သူကရှေ့ကပြေးတာဆိုတော့ အပြစ်မကင်းပေ။ပြီးကျသူ့မိဘတွေကိုလည်း စိတ်မပူစေချင်ဘူးလေ။

ခြေထောက်ကိုကိုင်ကြည့်ပြီး ခြေကျင်းဝတ်ကို ကိုင်ပြီးဘယ်ညာလှည့်ပေးနေတဲ့ဆရာJungkookရဲ့မျက်နှာအစိတ်အပိုင်းတိုင်းကို သေချာကြည့်နေမိသည်။ ပါးပေါ်ကအမာအရွတ်သေးသေးလေးကအစ စမတ်ကျနေလိုက်တာ မျက်လုံးလေးကဝိုင်းစက်စက်လေး  တခြားယောကျာ်းလေးတွေဆို မျက်လုံးဝိုင်းရင်းကျွန်တော့်သိပ်တော့သဘောမကျမိ။ ဒါပေမဲ့ ခုတော့သဘောကျနေမိပါရဲ့။

𝓨𝓮𝓼 𝓞𝓻 𝓨𝓮𝓪𝓱⁽ᶜᵒᵐᵖˡᵉᵗᵉᵈ⁾Where stories live. Discover now