*ပွမ် ပွမ် ပွမ်*

"ကိုကို ကား‌နဲ့လိုက်ခဲ့လေ ဘာလို့ဇွတ်ပြေးနေတာလဲ"

ကားဟွန်းထပ်တီးပြန်သည့် ဆရာJungkookက အရိပ်အကဲပဲမသိတာလား။ သူ့ဆီကိုတမင်မလိုက်ချင်လို့ မတတ်တာပါဆို ဘေးကကပ်လိုက်တော့တာပဲ။ ကြားထဲက Junghyungမျောက်လောင်းကောင်က အသံစွာစွာနဲ့ ကားပေါ်ကလှမ်းပြီးပြောနေသေးတယ်။ တကယ့်ကို အမြင်ကတ်ဖိူ့ကောင်းတဲ့လူနှစ်ယောက်ပဲ။

"ဘယ်မှာပြေးနေလိူ့လဲ မပြေးပါဘူး "

နောက်ဆုံးဘိတ် Taehyungလည်း ပေါ်တင်ငြင်းပြီးအသားကုန်ပြေးတော့သည်။ တကယ်စိတ်ညစ်လိုက်တာ ခုချိန်ထိ အနောက်ကကပ်လိုက်နေတုန်းဘဲ။ နောက်တစ်လမ်းကျော်ဆိုရင်တောင် အိမ်ရောက်တော့မည်။ ခုလိုပြေးရင်းနဲ့ပဲ ဒင်းတို့နှစ်ယောက်ဆီကလွတ်အောင်ပြန်ရတော့မည်ထင်ပါရဲ့။ ဟူး Kim Taehyungရယ်မင်းဘဝကလည်းမလွယ်ပါ့လား။

"အာ့ အမေ့"

ပြေးရင်းပြေးရင်းနဲ့ ကျောက်ခဲကိုတတ်နင်းမိပြီး ချော်လဲသွားသည်။ ခြေထောက်က ခိုက်မိသွားတယ်ထင်သည် မတ်တပ်ပြန်ရပ်မရတော့ပေ အတော်ကိုနာသည်။ ခြေမျက်စိကလည်း ဘာလုပ်ဖို့များလူခန္ဓာကိုယ်မှာထည့်ပေးတာလဲ သုံးစားလို့ကိုမရဘူး ။

Jungkookကျောင်းကနေ အိမ်ကိုပြန်တော့ Junghyungက ရေခဲမုန့်စားချင်တယ်ဆိူလို့ ရေခဲမုန့်စားဝင်ပို့ရသေးသည်။ ရေခဲမုန့်စားပြီးအိမ်ပြန်လာတော့  Busကားပေါ်ကဆင်းလာတဲ့ Taehyungနဲ့တိုးတယ်။ အရင်ကကျ အိမ်ကို ကျွန်တော်နဲ့ Junghyungကစောရောက်သည်။ Busကားကကျ ကျောင်းသားတွေကိုမှတ်တိုင်တစ်ခုချင်းစီချပေးနေရတော့ Taehyungက ကျွန်တော်တို့ထက် ၁၀ မိိနစ် ၅မိနစ်လောက်နောက်ကျပြီးမှ အမြဲရောက်သည်။ ဒီနေ့က ရေခဲမုန့်ဆိုင်ဝင်နေတာနဲ့ Taehyungနဲ့ အချိန်တိုးသည်။

ကားပေါ်ကနေ ဟွန်းတီးပြီးလှမ်းခေါ်လိုက်တော့ လှည့်ကြည့်ပြီးကျွန်တော့်ကိုလည်းမြင်ရော ဘီလူးမြင်သလို မသိချင်ယောင်ဆောင်ပြီးပြေးသွားသည်။ ကြည့်ရတာနေ့လည်ကကိစ္စကြောင့်ထင်သည်။ ကလေးသဘာဝစိတ်တိုလာရင် ဆရာကိုတောင်မရှောင်ဘဲပြောတတ်တာမလို့ နားလည်ပေးထားပါသည်။ ဘာတဲ့ လက်သီးစာကျွေးရမယ်တဲ့ သူ့လက်လေးကသေးသေးလေးကို ထိုးလည်းပန်းပေါက်သလိူဖြစ်နေမှာ။

𝓨𝓮𝓼 𝓞𝓻 𝓨𝓮𝓪𝓱⁽ᶜᵒᵐᵖˡᵉᵗᵉᵈ⁾Where stories live. Discover now