အပိုင်း(36)Un Zaw

Start from the beginning
                                    

"ဟာအဖေရာ သားဖချင်းတောင် ကပ်စေးကုပ်တယ်နော်

" ကုပ်ကုပ်ဘဲ

"ရတယ်လေ အဲ့တာဆိုကျုပ်ကိုအမွေပေး 

"ငါတောင်မသေသေးဘူး မင်းကအမွေလိုချင်နေတာပေါ့ ဟုတ်လားဟမ်

"စတာကို စတာအဖေရဲ့

ခွပ်ဒေါင်းမှာအဖေ့ရဲ့ ဝါးလုံးတုတ်ပျံကိုရှောင်ပြေးပြီး ဟိုကောင်တွေဆီကိုသာ တန်းသွားလိုက်တယ်

"လွမ်းတယ် အေးမြရေ လွမ်းတယ်

" အသံပြဲကြီးနဲ့နားညီးလိုက်တာကွာ

"  ချစ်တက်တဲ့ နှလုံးသားမရှိတဲ့ မင်းလိုကောင်ကတော့အဲ့လိုပြောမှပေါ့ကွာ

ငမဲတူးစကားကိုကျော်ကြီးကတဖန်ချေပလိုက်၏

"  ငါချစ်တက်လို့ ကလေးတစ်ယောက်အဖေတောင်ဖြစ်နေပြီး  မင်းသာ ကြိုက်မဲ့သူမရှိလို့ အခုချိန်ထိ လေလွင့်နေတဲ့နွားကြီးဖြစ်နေတာလေ

ငမဲတူးပြောတော့ ကျော်ကြီးက မျက်နှာကြီးမဲမှောင်ပြီး ပြန်ရန်တွေ့ပါလေရော

" ငါကကြိုက်မဲ့မရှိတာမဟုတ်ဘူး  ဖူးစာရှင်အစစ်ကိုစောင့်နေတာ 

"မင်းဖူးစာရှင်က မင်းမမွေးခင်ကတည်းက သေသွားလောက်ပြီး မင်းဒီတစ်သက်လူပျိုဘဝနဲ့ဘဲနေရတော့မှာ

" ငါလိုးမသား မင်းမဟုတ်တာတွေမပြောနဲ့  မင်းကြည့်နေလိုက် ငါအာစိထက်အရင် မိန်းမယူပြမယ်

"ဘယ်‌ကောင်တုံး ငါထက်အရင် မိန်းမယူပြမှာ

" ဒီကောင် ဒီကောင် အာစိ

"ဟီးဟီး ကျုပ်ကစတာပါ

"ဟွန့်

ကျော်ကြီးအာစိအတွက် ထန်းရည်တစ်ခွက် ထည့်ပေးလိုက်ပြီး

"အာစိ အခြေအနေဘယ်လိုလဲ ကျုပ်တို့လဲပြောပါအုံး

"  အခုချိန်ထိ မူကောင်းတုံးရှိသေးတယ်  ငါတော့ စိတ်မရှည်လို့ ခိုးပြေးပစ်ချင်နေပြီ

" အာစိအိမ်က သဘောတူပါမလား

"အဖေက ပြန်ကြိုက်ရင်လိုက်တောင်းပေးမယ်တဲ့

ဒေါင်းWhere stories live. Discover now