အပိုင်း၂၀။သွေးနတ်ဆိုးအကြီးအကဲ

Start from the beginning
                                    

"ဘာလို့ လိုက်လာရတာလဲ။"
ဟုပိုင်လီချင်းမြောင်‌ လုချင်းယဲ့အား
မကျေနပ်သံဖြင့်မေးလိုက်သည်။

သူ့အသံအနေအထားကိုကြားပြီးနောက်
ချိုးဟုန်ရွှယ်ဟာ ဓားအသေးတစ်ချောင်း
ထုတ်ယူလိုက်ပြီး လက်ချောင်းထိပ်၌
လှည့်ကစားရင်း ပိုင်လီချင်းမြောင်
သူ့လျှာသူမလိုချင်တော့ပါက
ပိုင်လီချင်းမြောင်အစား သူဖြတ်ပေးမည်ဟု
တွေးနေမိသည်။ကျင့်ကြံသူအတွက်
လျှာဟာမရှိမဖြစ် လိုအပ်မနေပေ။

"အဲ့တာက..ငါလည်းဆီးနှင်းတောင်ထွဋ်က
ထွက်လာဖို့ လိုလို့လေ။"ဟုလုချင်းယဲ့
ပြန်ဖြေလိုက်ရင်း ဓားကိုင်ထားသည့်
ချိုးဟုန်ရွှယ်လက်ကို ဆွဲချလိုက်သည်။
သူ့အကူအညီကို အရှင်မလိုအပ်ကြောင်း
နားလည်သွားပြီးနောက် ချိုးဟုန်ရွှယ်
ဓားကိုသိမ်းလိုက်သည်။

အန္တရာယ်နှစ်ခုမှ လက်မ‌တင်‌လေး
လွတ်မြောက်ခဲ့ရကြောင်း သတိမမူမိသည့်
ပိုင်လီချင်းမြောင်ဟာ လှေကိုဦးတည်ပေးရင်း
သူ့ဘာသာသူ ငြီးတွားနေလေသည်။
သူလုချင်းယဲ့ကိုသဘောမကျပေ။
သူအပြင်စည်းတပည့်ဖြစ်စဉ်က
ဂိုဏ်းတူအစ်မလု သူ့ကိုအနိုင်ကျင့်ခဲ့သည်။
ကျင့်ကြံနည်းစနစ်များ သို့မဟုတ်
အခြေခံအုတ်မြစ်တည်ဆောက်ဆေးများကို
စီမံခန့်ခွဲခြင်းခန်းမ၌သူ မဝယ်ယူနိုင်စေရန် သူ့အမှတ်တွေကိုပါ အမြဲခိုးယူခဲ့သည်။
သူ့ဂိုဏ်းတူအစ်ကို၏ တွေးပေးတတ်မှုကြောင့်သာမဟုတ်လျှင် သူယခုအချိန်အထိ
ချီစုဆောင်းခြင်းအဆင့်မှာသာ
ရှိသေးဦးမှာပင်။

ယခုအချိန်၌ သူ့နောက်တွင် အကြီးအကဲ
ချင့်ရွှယ်ရှိနေပြီဖြစ်သည့်အတွက်
လုချင်းယဲ့သူ့ကိုဘာမှလုပ်ရဲတော့မှာ
မဟုတ်ပေ။အကြီးအကဲချင့်ရွှယ်သူ့‌နောက်တွင်ရှိသောကြောင့်
ပိုင်လီချင်းမြောင်ဟာ လုချင်းယဲ့အပေါ်
ရှိသည့် သူ၏မကျေနပ်ချက်များကို
ထုတ်ပြရဲလာသည်။

ပိုင်လီချင်းမြောင် လှေဦးတည်ရာကို
ထိန်းချုပ်နေစဉ် ဝမ်ရန်အယ်ဟာ
သူ့‌နောက်မှ ချိုးဟုန်ရွှယ်နှင့် စိတ်ချင်း
ဆက်သွယ်ကာ "သူဝိဉာဉ်အခြေတည်
အဆင့်ရောက်ဖို့ကျော်ဖြတ်ရတဲ့
အတွင်းစိတ်မကောင်းဆိုးဝါးကပ်ဘေးကို ဘယ်လိုကျော်ဖြတ်နိုင်သွားတာလဲ။"
ဟုမေးလိုက်သည်။

Devil Venerable Also Wants To Know(mm tran)Where stories live. Discover now