အပိုင်း၂၀။သွေးနတ်ဆိုးအကြီးအကဲ

Magsimula sa umpisa
                                    

ဝမ်ရန်အယ်ဟာ ချိုးဟုန်ရွှယ်ကို
အေးစက်စက်ကြည့်လိုက်ရင်း
"မလိုဘူး။"ဟုပြောလိုက်သည်။

အန္တရာယ်မှ လွတ်မြောက်သွားသော
ပိုင်လီချင်းမြောင်ဟာ အန္တရာယ်နှင့်
ရင်ဆိုင်နေရခြင်းကို ယခုထိ
သတိမထားမိသေးပေ။ချိုးဟုန်ရွှယ်
ကျောနောက် ထပ်၍ပုန်းကွယ်လိုက်ရင်း "ဂိုဏ်းတူအစ်မလု အကြီးအကဲချင့်ရွှယ်က ကျွန်မကိုဂိုဏ်းတူအစ်ကိုကို သွားတွေ့ခွင့်
ပေးတယ်။ဂိုဏ်းတူအစ်မမှာ ကျွန်မကို
တားဖို့ အခွင့်အာဏာမရှိဘူး။"
ဟုရန်စပြန်သည်။

'အင်း..ဒီအရှင့်မှာ ချိုးဟုန်ရွှယ်
မင်းမျက်လုံးတွေကိုဖောက်ထုတ်ပစ်တော့မဲ့ ‌အရေးကနေ တားဆီးဖို့ အခွင့်အာဏာတော့
ရှိတယ်။'ဟုဝမ်ရန်အယ်တွေးလိုက်မိသည်။

ဝမ်ရန်အယ်နှင့်ပိုင်လီချင်းမြောင်တို့၏
စကားကို နားထောင်ပြီးနောက်
ချိုးဟုန်ရွှယ်ဟာ ပိုင်လီချင်းမြောင်
ပါးနှစ်ဖက်ကို ဖွဖွလေးကိုင်လိုက်ပြီး
‌နွေးထွေးသောအပြုံးလေးနှင့်အတူ
"ဟုတ်တယ်။ဒီမျက်လုံးတွေရှိရှိ မရှိရှိ
မင်းအတွက်ဘာမှသိပ်ပြီး ကွဲပြားသွားမှာမဟုတ်ဘူး။"

"ဟမ်..."ပိုင်လီချင်းမြောင် သူ့မျက်လုံး
နှစ်လုံးကို လက်ဖြင့်ပွတ်သပ်လိုက်ပြီး
သူ့ဆရာကို ထူးဆန်းစွာကြည့်မိလိုက်သည်။
သူ့မျက်လုံးတွေက အကောင်းအတိုင်း
ရှိ‌‌နေသေး၏။

ပိုင်လီချင်းမြောင်၏ တောင်းဆိုချက်ကို
ချိုးဟုန်ရွှယ်သဘောတူလိုက်သလို
ဖြစ်သွား၏။လုချင်းယဲ့ဟာ ဗဟိုချက်
ဖွဲ့စည်းခြင်းအဆင့်ဂိုဏ်းတပည့်သာ
ဖြစ်သောကြောင့် ဂိုဏ်းအကြီးအကဲ၏
အမိန့်ကို မလွန်ဆန်နိုင်ပေ။ထို့အတွက်
ချိုးဟုန်ရွှယ် အကာအကွယ်အစီအရင်ကို
ဖွင့်လိုက်ချိန်အထိ တိတ်တဆိတ်သာ
နေလိုက်သည်။‌လှေပျံပေါ်မတက်ခင်
ပိုင်လီချင်းမြောင်ဟာ သူ့အချစ်ပြိုင်ဘက်ကို
လှောင်ကြည့်ကြည့်သွားသည်။

ပိုင်လီချင်းမြောင်‌ လှေပျံပေါ်တက်ပြီးနောက်
သူ့ကျောဘက်ဆီမှထူးဆန်းသည့်
ခံစားချက်တစ်ခုရလိုက်သည်။ထို့ကြောင့်လှည့်ကြည့်လိုက်သည့်အခါ အကြီးအကဲ
ချင့်ရွှယ်ကော လုချင်းယဲ့ပါ သူ့နောက်
လိုက်လာသည်ကို တွေ့လိုက်ရ၏။

Devil Venerable Also Wants To Know(mm tran)Tahanan ng mga kuwento. Tumuklas ngayon