အပိုင်း၁၈။အကြီးအကဲ ချင့်ရွှယ်

1.2K 214 28
                                    

အခြားတစ်ဘက်မှာတော့
နတ်ဆိုးကျင့်ကြံသူများဟာ လူကြီးစကား
နားမထောင်ဘဲကလန်ကဆန်လုပ်ကာ
ကိုယ့်ထက်အငယ်ကလေးများကို
အနိုင်ကျင့်တတ်သည့် ဆိုးပေသော
ကလေးများဖြစ်ကြသည်။၎င်းတို့ဟာ
စကြာဝဠာထံမှ ဝိဉာဉ်စွမ်းအင်များကို
ပြောင်ပြောင်တင်းတင်းခိုးယူကြသည်။
၎င်းတို့၏ ကျင့်စဉ်များဟာ အလိုကြီး၍
လျင်မြန်သည်။မိုးကောင်းကင်မှ
လုယက်ခြင်းဟုလည်းခေါ်တွင်သည်။

အမှန်တရားကျင့်ကြံသူများဟာ နတ်ဆိုးကျင့်ကြံသူများ၏ ကျင့်စဉ်များကို
သဘောမကျကြပေ။သဘောထား
ကွဲလွဲခြင်းကြောင့်မဟုတ်ဘဲ
ခိုးယူခြင်းဟာ ချော့မြူ၍ယူခြင်းထက်
ပိုလျင်မြန်သောကြောင့်ပင်။

အမှန်တရားကျင့်ကြံသူများဟာ
စကြာဝဠာဆီမှ ဝိဉာဉ်စွမ်းအင်အနည်းငယ်မျှ
ရရန် အချိန်နှင့်အင်အားများစွာသုံးရလျှင်
နတ်ဆိုးကျင့်ကြံသူများဟာ
မိသားစုအမွေအနှစ်ကို အများဆုံး
ခိုးယူသွားကြသည့် လူသားများပင်။

အမှန်တရားကျင့်ကြံသူနှင့်
နတ်ဆိုးကျင့်ကြံသူတို့ ဝိဉာဉ်စွမ်းအင်
ပေါကြွယ်ဝသည့်နေရာတစ်နေရာ၌
ပြိုင်တူကျင့်ကြံပါက ဝိဉာဉ်စွမ်းအင် ၉၀%ကို
နတ်ဆိုးကျင့်ကြံသူက ခိုးယူသွားမှာဖြစ်ပြီး
အကြွင်းအကျန်ကိုသာ အမှန်တရား
ကျင့်ကြံသူကရမှာဖြစ်သည်။

ထိုသည်မှာ နှစ်ဦးနှစ်ဘက်မတည့်ရခြင်း၏
မူလအကြောင်းအရင်းပင်။တစ်ဘက်က
လူလိမ်များဖြစ်ကြပြီး တစ်ဘက်က
သူခိုးများဖြစ်ကြသည့်အတွက်
ကိုယ်ကျင့်တရားကောင်းမွန်သည်ဟု
မည်သည့်ဘက်ကမှ သတ်မှတ်ခွင့်မရှိပေ။
အမှန်တရားဂိုဏ်းများ နတ်ဆိုးဂိုဏ်းများကို
ပြဿနာရှာရခြင်းမှာ ဝိဉာဉ်စွမ်းအင်များ
ရယူရာ၌ ၎င်းတို့ကိုမယှဉ်နိုင်
သောကြောင့်ပင်။

သို့ပေမဲ့ အမှန်တရားကျင့်စဉ်များ၌လည်း
ကောင်းသည့်အချက်ရှိသည်။
မိုးကောင်းကင်နှင့် လိုက်လျော
ညီထွေဖြစ်အောင်နေသည့်အတွက်
ရင်ဆိုင်ရမည့် ကောင်းကင်ကပ်ဘေး
များသည် လွယ်ကူလှသည်။‌မိုးကောင်းကင်သည် ၎င်းတို့အပေါ်အလျော့ပေးသည်။မိုးကြိုးအနည်းငယ် ကျရောက်ပြီးသည်နှင့် ကပ်ဘေးပြီးဆုံးသွားသည်။
နတ်ဆိုးလမ်းစဉ်ကျင့်ကြံသူများအတွက်မူ
ဝိဉာဉ်စွမ်းအင်များများ ခိုးယူထားလေလေ
ရင်ဆိုင်ရမည့် ကပ်ဘေးခက်ခဲလေလေပင်။
မသေမျိုးလောက၌ အမှန်တရားကျင့်ကြံသူအပြည့်ရှိပြီး နတ်ဆိုးကျင့်ကြံသူ
အနည်းငယ်သာရှိသည်ဟု ဆိုရိုးရှိသည်။ကောင်းကင်မိုးကြိုးကပ်ဘေးအောက်၌ နတ်ဆိုးကျင့်ကြံသူအများစု သေကျေ
ပျက်စီး‌သွားသောကြောင့်ပင်။

Devil Venerable Also Wants To Know(mm tran)Where stories live. Discover now