Sunghoonကို ဂရုစိုက်မနေဘဲ အတန်းဘက်ကိုထွက်လာလိုက်သည်။အတန်းထဲမှာလည်း အချိန်ပြည့်ရှိနေတာဆိုလို့ အတန်းထဲကစာဂျပိုးတွေပဲရှိတယ်။ တကယ်ပါ အဲ့ဒီစာဂျပိုးတွေ စာလုပ်ရတာမပျင်းဘူးလားပဲ။ အချိန်ပြည့်စာအုပ်နဲ့မျက်နှာက မခွာဘူး။ ကိုယ်အတွက်တော့ စာအုပ်ကအိပ်ဆေးပဲ။ စာမျက်နှာလေးတစ်ရွက်နှစ်ရွက်လောက်လှန်ပြီးဖတ်လိုက်တာနဲ့ လူကအနှစ်နှစ်အလလမအိပ်ရတဲ့လူလို တန်းအိပ်ချင်လာတာပဲ။ အဲ့ဒါကြောင့်ပဲ အိပ်မရတဲ့ညပဲ စာအုပ်ကောက်ကိုင်မိတယ်။

ခဏနေတော့ အတန်းတတ်ချိန်ရောက်လာပြီး တစ်ချိန်ပြီးတစ်ချိန်စာတွေသင်နေလိုက်တာ ကိုယ်ကတော့ဘာတွေသင်လို့သင်မှန်းတောင်မသိဘူး။ စာဆိုတာ‌ကိုယ်နဲ့ပေါင်းစပ်လို့မရတဲ့အရာဖြစ်သည်။

P.Tအချိန်ရောက်တော့ လူကအတတ်ကြွဆုံးပဲ။ အဲ့ဒီအချိန်က စာလည်းသင်စရာမလို ကစားနေလိုက်ရုံဘဲ။ P.Tဆရာကြီးနဲ့ အပေါက်အလမ်းမတိုးပေမဲ့ P.Tအချိန်ကတော့အကြိုက်ဆုံးပဲ။ Lockerနံပါတ်57‌က ကိုယ့်ရဲ့Locker နံပါတ်ဖြစ်သည်။ Lockerသော့ကိုလှပ်လိုက်တော့ ထွက်ကျလာတဲ့စာစောင်လေး။ ကြည့်ရတာရည်းစားစာပဲဖြစ်မည်။ ဒီလိုတွေရနေကျဆိုတော့ လူကရင်တောင်မခုန်တော့ အသားကျလာနေပြီဖြစ်သည်။

"Taehyungလာလေ အဝတ်အစားသွားလဲမယ်"

P.Tချိန်မှာ basket ballကစားဖို့ ဝရန်းတာမှာစကားပြောကတည်းက တိုင်ပင်ထားကြတာမလို့ Sunghoonအဝတ်အစားလဲဖို့ လာခေါ်တာဖြစ်သည်။ စာသာမလုပ်ချင်တာ ကမြင်းကြောဆွဲဖို့ကတော့ ကိုယ်တွေတစ်ဖွဲ့လုံးကထိပ်ဆုံးကပင်။

"ဘာစာကြီးလဲ"

လက်ထဲက ကိုင်ထားတဲ့စာစောင်ကို ယူပြီး ဖင်တစ်ပြန်ခေါင်းတစ်ပြန်ကြည့်ကာ Sunghoonကမေးသည်။ ဒင်းက ရည်းစားစာဆို အလွန်စိတ်ဝင်စားတာလေ။ Romanceအရူးအမူးကြိုက်တဲ့ကောင်‌ပေါ့ Roစရာရည်းစားရှိလားဆိုတော့ မရှိပြန်ဘူး။ သူ့ကိုယ်သာပြောနေတာ ကိုယ်မှာလည်းမရှိပေ။ နှစ်ယောက်လုံးကိုလာကြိုက်တဲ့လူတွေကတော့ ရှိပေမဲ့ အချစ်ရေးမစဥ်းစားချင်သေးပါဘူးဆိုပြီးအမြဲငြင်းလွှတ်လိုက်သည်။

"အာ ရည်းစားစာကြီး ဘယ်သူပေးတာလဲ"

"မသိဘူးလေ ငါတောင်လှပ်မကြည့်ရသေးဘူး"

𝓨𝓮𝓼 𝓞𝓻 𝓨𝓮𝓪𝓱⁽ᶜᵒᵐᵖˡᵉᵗᵉᵈ⁾Where stories live. Discover now