ရှန့်ချန်ခုန်း တစ်ခဏတောင့်ခဲသွားကာ ဝိုးတိုးဝါးတားနှင့်ဆို၏။

"ကောင်းကင်ကြီးကိုချစ်မြတ်နိုးခြင်း?"

"အင်း သင့်တော်တဲ့ရနံ့ကိုရှာတွေ့ဖို့အတွက် အမျိုးမျိုးသောအနံ့တော်တော်များများကို ရနံ့မျိုးစုံနဲ့ရောစပ်ပြီး အချိန်အများကြီးကုန်ခဲ့ရတာ"

ရွှီလျန်က ရှန့်ချန်ခုန်းထံ ဖယောင်းတိုင်ကိုယူလာလျက်

"ဒီမှာ အနံ့မွှေးကြည့်"

ဖြည်းဖြည်းချင်းကိုင်းညွှတ်လိုက်ရင်း ကွဲပြားခြားနားသောရနံ့တစ်မျိုးက အံ့အားသင့်နေသည့်ရှန့်ချန်ခုန်းထံ လေနှင့်အတူပါလာခဲ့၏။

"ကောင်းကင်ရဲ့အငွေ့အသက်"

ရွှီလျန်နှုတ်ခမ်းပါးတွေ အသာပင့်ချီလျက် ရှားရှားပါးပါးအပြုံးတစ်ပွင့် ဖြစ်ပေါ်လာ၏။

"ဟုတ်တယ်"

ရှန့်ချန်ခုန်းသည် သူမလက်ထဲကဖယောင်းတိုင်ကို ဖြည်းဖြည်းချင်းယူလိုက်၏။ နှစ်လိုဖွယ်ကောင်းလိုက်တာ...

"မင်း ကျွန်တော့်ကို ဒီဖယောင်းတိုင်ကိုရောရောင်းလို့ရမလား"

"ရတာပေါ့ ဒီဟာကိုရော ရှင် ကျွန်မကိုထုပ်ပိုးစေချင်သေးလား"

ရှန့်ချန်ခုန်း ပြုံးရင်းဖြင့်
"ရပါတယ် ကျေးဇူးပါပဲ"

ရွှီလျန်က သူ့ပစ္စည်းတွေကို သူမဆိုင်တံဆိပ်ပါသည့် အိတ်တစ်အိတ်ထဲထည့်ကာ ပြေစာတစ်စောင်ကိုလည်းပေးလျက် နောက်တစ်ကြိမ်ဝယ်ယူမှုအတွက်သုံးမယ်ဆိုလျှင် ယွမ် ၂၀၀ လျှော့စျေးပေးမည်ဟုလည်း ပြောလိုက်သေး၏။ အိတ်နှင့်ပြေစာကိုယူရင်း ရှန့်ချန်ခုန်း သူမကိုကျေးဇူးတင်၍ ထွက်လာခဲ့တော့သည်။

ရွှီလျန်သည်လည်း ဆိုင်ပိတ်ပြီးမကြာခင် အိမ်ပြန်သွားတော့၏။

ရှန့်ချန်ခုန်းက သူ့ညီမလေးမွေးနေ့ကမကြာခင်ရောက်တော့မယ်လို့ ပြောခဲ့တဲ့အချိန်တုန်းက သူ ရွှီလျန်ကို ကောက်ကာငင်ကာပြောလိုက်သည့်ဆင်ခြေတစ်ခုမဟုတ်ခဲ့ပေ။ သူ့ညီမလေးရှန့်နွမ်က အမှန်တကယ် သူမမွေးနေ့ကျင်းပတော့မှာပင်။

Slowly Falling For Changkong ( ဘာသာပြန် )Where stories live. Discover now