ဒီလို ဆုံးဖြတ်ချက်မျိုး ချမှတ်ဖို့ရာ သတ္တိရှိဖို့လိုပါတယ်.....ဒါကို သူမလုပ်နိူင်ဘူး....သူ ချီတုံချတုံဖြစ်နေတယ်......

ချန်ချုန်က ချူရှင်းကို ဖြောင်းဖျလိုက်တယ်....

" ဒီကိစ္စနဲ့ပတ်သတ်ပြီး စိတ်ပူမနေပါနဲ့... ငါတို့ ရင်းဂေါင်မြို့စားအိမ်တော်က မင်းကို ပံ့ပိုးပေးမှာပါ....ဒါ့အပြင် ဒီဘုရင်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို မသိတဲ့သူမှမရှိတာ....ဟိုတုန်းကဆို ဧကရီပိုင်က မွေးမိခင်မဟုတ်တာတောင်သူ့ကို သားအရင်းနဲ့မခြား ပြုစုစောင့်ရှောက်ခဲ့ပေးတဲ့အပြင် ရာဇပုလ္လင်ပေါ်ရောက်ဖို့အတတ်နိူင်ဆုံးတွန်းတင်ပေးခဲ့တာပဲ....ဒီလိုမှမဟုတ်ရင် အဆင့်နိမ့်ကိုယ်လုပ်တော်က မွေးလာတဲ့သူက အခုလိုအခြေနေမျိုး ဘယ်ရောက်လာနိုင်ပါ့မလဲ...ပိုင်မျိုးနွယ်ဝင်တစ်ချို့က တိုင်းရေးပြည်ရာတွေမှာ ဝင်စွက်ဖက်နေမှန်း သံသယရှိနေရုံနဲ့တင် အာဏာရလာတာနဲ့ ပိုင်မျိုးနွယ်တစ်ခုလုံးကို မျိုးဖြုတ်ပစ်ခဲ့တယ်...ဒါတင်မကသေးဘူး ဧကရီပိုင်ကို ခေါင်းဖြတ်ကွပ်မျက်ပြီး မြို့တံခါးမှာတောင် ချိတ်ထားလိုက်သေးတယ်...နန်းတွင်းထဲကအမှုထမ်းတွေကိုလဲ
အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့သေးတယ်......သာမာန်ပြည်သူတွေကိုလဲ မညှာမတာရက်ရက်စက်စက်ပြုမူတတ်တဲ့ ဒီဘုရင်မျိုးကိုသာ မင်း သတ်ပစ်လိုက်ရင် ဒါက မိုးကောင်းကင်ကိုယ်စား တရားမျှတမှုကို ဆောင်ကျဉ်းပေးလိုက်တာနဲ့အတူတူပါပဲကွာ......သူ့ကို သတ်ပြီးရင် သူ့အလောင်းကိုမြို့တံခါးဝမှာ ပြည်သူတွေမြင်အောင်ချိတ်ထားလိုက် ဒါဆို ပြည်သူပြည်သားတွေအကုန်လုံး မင်းကို ကောင်းချီးပေးကြလိမ့်မယ်.....သူ့နေရာမှာ မင်းကိုအစားထိုးလိုက်တာကိုလဲ ယုတ္တိရှိရှိလက်ခံပေးကြလိမ့်မယ်....."

( TN:  ချန်ချုန်ကလေ ဟိုကောင် အယ်လန့်ရဲ့ဘိုးဘေးပဲဖြစ်ရမယ် တကယ့်ကို ဂန္တဝင် အညှော်ကောင်တွေ...)

ချူရှင်း ခဏလောက်ငြိမ်နေပြီးမှ နှေးတုန့်စွာနဲ့ ခေါင်းညိတ်လိုက်တယ်....ဒါဆို သူလုပ်နိုင်ပါတယ်....ဘုရင်ဆိုးလေးရဲ့ ခန္ဓာကိုယ် အကြောင်းတွေးမိလိုက်ချိန်မှာ နှမြောတဲ့ခံစားချက်တွေ ရုတ်တရက်ပေါ်ထွက်လာတယ်.....

ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်ကိုဖြား​ယောင်းခြင်းနည်းဗျူဟာWhere stories live. Discover now