“ဟုတ်ပါတယ်။ သားဂျောင်ကအရွယ်ရောက်တာမြန်တယ်။ အိမ်ကသားငယ်ကတော့ အခုမှအထက်တန်းပြီးတာရယ်။ သူ့အနာဂတ်အတွက် ဘယ်လိုချွေးမလေးရမလဲ အန်တီတော့ ရင်ခုန်တယ်ကွယ်”

“ဟုတ်သား။ ဆော့ဂျင်လေးလည်း အထက်တန်းပြီးတဲ့အရွယ်တောင် ရောက်ပြီနော်။ ကျွန်တော်တို့နောက်ဆုံးဆုံခဲ့တာ သူ .....အလယ်တန်းတုန်းကထင်တယ်။
အဲ့တုန်းက ကျွန်တော်က ဆေးကျောင်း
နောက်ဆုံးနှစ်လေ ”

“ဟုတ်တယ် ဟုတ်တယ် ။ သားငယ်က သားဂျောင်ကိုဖုန်းဆက်တိုင်း မေးပါတယ်။ သူကပြန်တော့မလာဖူး။ ဟိုမှာ သူ့အစ်မ၀မ်းကွဲနဲ့ ကျောင်းတူတူတက်နေတာလေ။ သူ့အစ်မဝမ်းကွဲကတော့ ဥပဒေကျောင်းသူတစ်ယောက်ပဲ”

“ဟုတ်လား ကောင်းတာပေါ့ ”

“အေးကွယ်။ သားက ‌‌ဆရာ၀န်လုပ်မယ်လို့တော့ပြောတယ်။ ဆေးကျောင်းအမှတ်မှီအောင် သူတော်တော် ကြိုးစားတာ။ အန်တီတို့ဆီ ဖုန်းတောင်မဆက်ဖူးလေ။ သူ့အစ်မကလည်း တကယ်ကူညီပေးတယ်ထင်တယ် ”

“မိုက်ပြီဗျာ။ ကျွန်တော်လည်းဆရာ၀န်၊
ဆော့ဂျင်လေးလည်း ဆရာ၀န်ဆိုတော့ အန်တီ့အိမ်နဲ့ကျွန်တော်တို့အိမ်ရဲ့ ကျန်းမာရေးအတွက်စိတ်မပူရတော့ဖူး ”

ဂျောင်ဂုရဲ့စကားကို အန်တီကသဘောတခွေ့ခွေ့နဲ့ရယ်သည်။ ၀မ်ကလည်းထိုနည်းတူ။ သူ့လက်မောင်းကို ခေါင်းဖွဖွလေးမှီထားတဲ့ ၀မ့်ရဲ့လက်တွေကိုနွေးထွေးစွာ ဆုပ်ကိုင်လိုက်မိသည်။ ထိုအခါမော်ကြည့်လာတဲ့ ၀မ့်မျက်၀န်းတွေ....။

လွန်ခဲ့တဲ့‌၆နှစ်ကျော်ကပန်းကောက်နေတဲ့ ပုံရိပ်ကလေးကို ဖြတ်ခနဲသတိရမိသွားသည်။ အဲ့တုန်းက ၀မ်က အစိမ်းနုရောင်ဂါ၀န်
လေးနဲ့ သူတို့ကျောင်းရှေ့က ချယ်ရီပင်မှာချယ်ရီ‌ပန်းတွေ ကောက်နေခဲ့တာလေ။

ကြည့်ရတာ ပန်းတွေကောက်တဲ့ ၀မ်က ပန်းတွေပဲလက်ဖဝါးထဲသိမ်းဆည်းသွားပေမယ့် သူ့နှလုံးသားလေးကိုပါ တစ်ခါထဲသိမ်းဆည်းသွားတဲ့ပုံပဲ။ ပန်းတွေနဲ့မိန်းကလေးဆီက ရုန်းထွက်မရခဲ့တာ ၆နှစ်ဆိုတဲ့ အတိုင်းအတာတစ်ခုကိုတောင် ချည်နှောင်မိလိုက်ပြီးပြီ။ အချည်ကောင်းခဲ့သည့် ကြိုးတွေဟာနှစ်ကုန်ရင် နောက်တစ်နည်းနဲ့ထက်ချည်ရအုံးမည်။ကောဇော်နီပေါ် လျှောက်လာမယ့်၀မ့်ပုံရိပ်ကိုပုံဖော်မိတိုင်း ဘယ်ဖက်ရင်အုံမှာ အနွေးဓာတ်တွေပြည့်နှက်သွားရသည်။ ၀မ်နဲ့ပတ်သက်ရင် အဲ့သည်လို။

ဦးဂျွန် ( Kookjin )Where stories live. Discover now