အထိန်းတော်ကြီးမှာပြုံးသည်ဟူ၍လည်းမဟုတ်၊မဲ့သည်သူ၍လည်းမဟုတ်သော မျက်နှာထားဖြင့် လျှောက်ထားလေသည်။ ထိုအခါ ဟန်တျာက အထိန်းတော်ကြီးဦးမာဂအားလှည့်ကြည့်ကာ ပြုံးပြလိုက်ပြီး  "ကောင်းပါပြီ သင်တို့ရဲ့ ကူညီမှုကြောင့်
ကျွန်ုပ် လည်းဒီလုပ်ငန်းစဥ်‌တွေကို ကောင်းစွာသဘောပေါက်ခဲ့ရပါတယ်။ငါ့ရဲ့ချီးမြှင့်မှု လက်ခံပါ။"

အထိန်းတော်ကြီးက ရွှေအိုရောင်အိတ်ထုပ်လေးအား ရှေ့ဆုံးမှ အထိန်းတော်ကြီးအားပေးလေသည်။ ထိုအခါ ကျန်အထိန်းတော်များက

"သခင်လေးကိုကူညီ‌ ရန်အတွက်မှာ ဒီအစေများရဲ့တာ၀န်ပါဘဲ သခင်လေး။ သခင်လေးရဲ့မြင့်မြတ်တဲ့အဆင့်အတန်းနဲ့ နူးညံ့တဲ့သဘောထားကိုလူအများကိုသိစေပါ့မယ်ဘုရား။" ဟုဆိုကြလေသည်။  ထို့နောက် အားလုံးမှာသခင်လေးအားဂါရ၀ပြုပြီး ပြန်ထွက်သွားကြလေသည်။

     " သခင်လေး အနားယူပြီးမှ ရေချိုး ဆောင်၀င်မလားဘုရား။"

ဦးမာဂကအလိုက်တသိဖြင့်မေးလေသည်။ဦးမာဂသည် သေချာပေါက်ပင်ဤသခင်လေးမမွေးဖွားမီသခင်မကြီး ယာ၀အိမ်တော်သို့လက်ထပ်ကာ၀င်ရောက်ကတည်းကပင် သခင်မကြီး၏အိမ်တော်မှ လိုက်ပါခဲ့သူဖြစ်လေသည်။ထို့ကြောင့်ဦးမာဂသည် မိမိ၏ရင်မှမွေးသောသားအရင်းအချာကဲ့သို့ပင် ဟန်တျာအားချစ်ခင်တွယ်တာသည်။ ဦးမာဂသည် မိမိအနေဖြင့် ယာ၀အိမ်တော်တွင်ကျန်နေခဲ့ပြီး အသက်အရွယ်ကြီးရင့်ပါက အိမ်တော်မှချီးမြှင့်သော ဆုတော်လာဘ် တော်များနှင့် အေးအေးချမ်းချမ်းအနားယူ နိုင်ပါသော်လည်း ဤကဲ့သို့ မလုပ်နိုင်ခဲ့ချေ။

နန်းတော်တွင်း ရှိသခင်များ၏ဂုဏ်ကျက်သရေနှင့် အောင်မြင်မှု၊ရာထူးဂုဏ်ထူးများသည် ၎င်းတို့၏အထိန်းတော်များနှင့်တိုက်ရိုက်သက်ဆိုင်သည်ပင်။ 'ရေမြင့်လျှင်ကြာတင့်' ဆိုသကဲ့သို့ အနားတွင်ရှိသော အထိန်းတော်များနှင့် လူယုံများ ထက်မြတ်ပြီး သစ္စာရှိမှသာလျှင် ၎င်းတို့၏သခင်များမှာ အဆင့်တန်းရှိရှိနှင့် ဂုဏ်သိက္ခာရှိစွာ စံမြန်းနိုင်မည်ဖြစ်သည်။ထို့ကြောင့် ဦးမာဂအနေနှင့် မိမိ၏သခင်လေးအား အခြားအထိန်းတော်များနှင့် စိတ်မချနိုင်ဘဲ နန်းတော်သို့လိုက်ပါလာခြင်းဖြစ်လေသည်။

အမျိုးသားဧကရီတစ်ပါး၏နေ့စဉ်မှတ်တမ်း[COMPLETE]Tahanan ng mga kuwento. Tumuklas ngayon