"ဒါက ဒီနေ့သက်တမ်းကုန်တာ!"

ရွှီလျန်က မသိသလိုဟန်ဆောင်ရင်းဆို၏။

"တကယ်? တိုက်ဆိုင်လိုက်တာ ဒါဆို နင်ကအချိန်ကိုက်ရောက်လာတာပဲ"

ဝေ့ရိချန် "......."

သူနားလည်ပါတယ်...သူမသက်တမ်းကုန်ဆုံးရက်ကိုမြင်တော့ လွှင့်ပစ်ရမှာလည်းနှမြောစရာကောင်းတယ်လို့ထင်တာကြောင့် သူမက သူ့ကိုလာခဲ့ခိုင်းတယ်ဆိုတာ...

ကိတ်ဝါလေးကဒိတ်ကုန်နေပေမဲ့လည်း အရသာကတော့ရှိနေဆဲပဲ ၊ ချိုတယ် ဖယောင်းသားနှင့်တူပြီးစေးကပ်တယ် အရေးကြီးဆုံးအရာတွေပါဝင်နေခဲ့တာပဲ။ သုံးကိုက်စားပြီးနောက် ရွှီလျန်ဗိုက်ပြည့်သွားခဲ့ပြီ။

သူမ လိမ္မော်ရည်တစ်ငုံသောက်ပြီး သူမမျက်နှာချင်းဆိုင်မှာ ထိုင်နေသည့်ဝေ့ရိချန်ကိုမေး၏။

"မနေ့ညက နင်အိမ်ပြန်လား အန်ကယ်ဝေ့နဲ့ရောတွေ့ခဲ့သေးလား"

ဝေ့ရိချန်က လှောင်ပြုံးပြုံးရင်း ပြန်ဖြေသည်။

"အင်း ငါ့ရဲ့သရဲလိုပုံစံမျိုးကို သူတွေ့သွားတယ်လေ ပြီးတော့ ငါသူ့အတွက် လေဂီတာရှိုးပွဲတစ်ခုကိုတင်ဆက်ပေးလိုက်သေးတယ်"

ရွှီလျန် လိမ္မော်ရည်ကိုနောက်ထပ်တစ်ငုံထပ်သောက်ရင်း

"နင့်ရဲ့ပုန်ကန်တဲ့ကဏ္ဍကတော်တော်ကြာနေပြီ"

သူမနဲ့ဝေ့ရိချန်က အထက်တန်းကျောင်းမှာဆုံခဲ့တာ ၊ ပိုပြီးတိတိကျကျပြောရမယ်ဆို အထက်တန်းကျောင်းတက်စဉ် ဝေ့ရိချန်က သူမကို ပိုပြီးပစ်မှတ်ထားခဲ့ခြင်း ၊ သူမ ဝေ့ရိချန်နဲ့တွေ့ချိန်မှာတော့ ထိုသူကလူဆိုးကောင်ပုံစံမျိုးဆင်မြန်းထားခဲ့ပြီးပြီဖြစ်ကာ လူအများစုကလည်း သူ့ကိုအားပေးထောက်ခံနေခဲ့ကြသည်။

သို့သော် ရွှီလျန်ကတော့စိတ်မဝင်စားခဲ့ပေ ၊ သူမငယ်ငယ်ကတည်းက သူမကို'အထီးကျန်လွန်းပြီးပတ်ဝန်းကျင်မှာဝင်မဆံ့တဲ့သူ'လို့ဖော်ပြခဲ့ကြတာ...ဒါပေမဲ့ သူမကတော့ သူမကပိုပြီးရိုးသားကာ တခြားသူတွေထက်ဖောက်ထွင်းမြင်နိုင်သည်ဟု ခံစားရ၏။

မင်း တခြားလူတစ်ယောက်နှင့် တစ်ကြိမ်တစ်ခါမျှ ရင်းနှီးလာခဲ့မယ်ဆိုလျှင် သူတို့နဲ့မင်းရဲ့ဆက်ဆံရေးကလည်း ပို၍စိတ်အနှောင့်အယှက်ဖြစ်လာမှာဖြစ်ပြီး အတိုက်အခံလုပ်ခြင်းတွေနှင့်အတူ တစ်ယောက်ပြီးတစ်ယောက် ပေါ်ထွက်လာပေလိမ့်မည်။ သူမက စိတ်အနှောင့်အယှက်ဖြစ်စေမည့်အရာတွေနှင့် ပတ်သတ်ရမှာကိုမကြိုက်...ထို့ကြောင့် သူမဝေးဝေးနေခဲ့၏။

Slowly Falling For Changkong ( ဘာသာပြန် )Dove le storie prendono vita. Scoprilo ora