Hi ❤

385 50 18
                                    


ဒါက တောင်းပန်စာဆိုလဲဟုတ်တယ်.......နူတ်ဆက်တာမမည်တဲ့နူတ်ဆတ်စာဆိုလဲဟုတ်တယ် ........

ဒီနောက်ပိုင်း ကြာလေ ကြာလေ ကိုယ့်ကိုယ်ကိုအပစ်ရှိသလိုခံစားလာရလေဖြစ်လာတာအမှန်ပါ......။

ဖြစ်နိုင်ရင် တတ်နိုင်ရင် ဟိုးးးးးအရင်ကလို updateမှန်တဲ့သာသာလေးအဖြစ်နဲ့ပဲရှိနေချင်ခဲ့ပေမဲ့ အကြောင်းအရာပေါင်းသောင်းခြောက်ထောင်ကြောင့် ဖြစ်ချင်တိုင်းမဖြစ်ခဲ့တာကိုခွငိ့လွှတ်ပေးပါ.......။

အထူးသဖြင့် Voo လေးနဲ့ jwan လေးရဲ့အချစ်လေးတွေကိုပုံဖော်ဖန်တီးခဲ့တဲ့ Dog&Cat ရဲ့ဖတ်ရူသူတွေကို အားနာစိတ်အဝင်မိဆုံးနဲ့ကျေးဇူးအတင်မိဆူံးပါပဲ.......။

စာရေးလာတဲ့တစ်လျှောက် updateအကြာဆူံးficလေးဖြစ်ခဲ့ရလို့အားနာရသလို....စိတ်ရှည်လက်ရှည် ဖတ်ရူပေးကြလို့လဲကျေးဇူးတင်မဆုံးပါဘူး...... ။

အမြဲတမ်း ခပ်မြန်မြန်လေးရေးပေးချင်တဲ့စိတ်ကရင်ထဲမှာမပြတ်ရှိတယ်ဆိုတာမှန်သောစကားပါ.....။ဒါပေမဲ့သိကြတဲ့အတိုင်းခေတ်ကာလက အမြဲပျော်စရာကောင်းမနေတာမို့ Dog &Catလိုမျိုး Comedy type ficမျိုးရေးရတာ တအားတာဝန်များပါတယ်......။မပျော်နေတဲ့အချိန်မျိူး ပင်ပန်းနေတဲ့အချိန်မျိူးရေးရတာ ဖတ်တဲ့လူတွေအတွက်ပေါ့နိုင်သလို စာဖတ်သူတွေကိုပေါ့ပြတ်ပြတ်တွေပဲပေးမိရင်မလေးစားရာရောက်မှာမို့ လွယ်လွယ်မupခဲ့တာစိတ်ရင်းအမှန်နဲ့ပါ.....။

ခုနောက်ပိုင်း အလုပ်တာဝန်တွေကများလာတဲ့အပြင် ကိုယ်တိုင်က SGမှာအချိန်ပိုင်းလုပ်ရင်းကျောင်းတတ်ဖို့ပြင်နေတာမို့ ဒီဘက်ကိုလုံးဝမလှည့်နိုင်တာဆို ပိုမှန်ပါတယ်...... ။နောက်လထဲမှာ သွားဖို့အတွက်အားလုံးပြင်ပီးပီမို့ မသွားခင်တော့ ဒါလေးကိုအပီးသတ်သွားမယ်လို့ ကတိမရဲတရဲလေးပေးခဲ့ပါ့မယ် 

ပီးတော့ ဒီ ficလေးကိုအဆုံးသတ်ပီးရင် ဒီဝါသနာပါတဲ့ စာရေးတာလေးကိုခဏနားရမယ်ထင်ပါတယ်........ ။ စာရောအလုပ်ရောကိုအားစိုက်ရမှာမို့ ခဏလက်လွှတ်ပါရစေ...... ။စောင့်နေပေးဖို့မတောင်းဆိုရဲပေမဲ့ စောင့်နေပေးမယ်ဆိုရင်တော့အတိုင်းမသိပျော်မိမှာအမှန်ပါပဲ......။ ဘာပဲဖြစ်ဖြစ် ဟိုးအရင်မရေးတတ်ရေးတတ်ပေါက်စနဘဝလေးကနေခုထိ အားပေးခဲ့ ဖတ်ပေးခဲ့ကြတဲ့လူတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်...... ။ခုထိလဲဘာမှမဟုတ်ခဲ့ပေမဲ့ ဝါသနာပါတဲ့အရာလေးကိုပါရမီဖြည့်ပေးကြလို့သာ မှတ်တိုင်သေးသေးလေးတွေအနည်းနဲ့အများစိုက်ထူနိုင်ခဲ့တာမို့.........ဘယ်တော့မှမေ့မှာမဟုတ်ပါဘူး......။

ဒီထက်ပိုတော်ပီး ပိုအရေးအသားပိုင်နိုင်တဲ့ author အနေနဲ့ပြန်လာတဲ့အချိန်ထိ မျှော်နေပေးမယ်မလား.......... (သိပ်မမျှော်လင့်ရဲပေမဲ့ မျှော်လင့်မိရုံပါ.......)

ချစ်တယ်.........ပင်ပန်းတဲ့အချိန်တိုင်း အထီးကျန်တဲ့အချိန်တိုင်း ဖန်တီးဖြစ်ခဲ့တဲ့စာလေးတွေကိုဖတ်ရှူပေးတဲ့လူတိုင်းကြောင့်ရော အမှတ်တရမန့်လေးတွေကြောင့်ရော အမြဲပျော်ရွှင်ခဲ့ရပါတယ်......ဘယ်သူ့ကိုမှထုတ်မပြောပြရဲခဲ့တဲ့ Author ဆိုတဲ့ဘဝအစိတ်အပိုင်းသေးသေးလေးကို ဂုဏ်ယူစွာနဲ့ rankတွေပြရင်း......views တွေပြရင်းကြွားနိုင်တာတွေ.......တလရအတွက်ဝါသနာပါတဲ့အရာတစ်ခုကိုလှူဒါန်းပီး အလှူငွေတွေရလာအောင် ကူနိုင်ခဲ့တာတွေက....... ဖတ်ပေးခဲ့ကြ RLထဲထည့်ပေးခဲ့ကြတဲ့ တစ်ယောက်ချင်းဆီရဲ့ကျေးဇူးကြောင့်မို့ အများကြီး အများကြီးကျေးဇူးတင်ပါတယ်.....။

လက်ဆောင်လေးတစ်ချို့လဲပေးစရာရှိသေးတယ်.........
ဒီ Ficလေးသိမ်းတဲ့ထိလဲ ခဏလောက်ဖြစ်ဖြစ် ရှိနေပေးဦးနော်  အများကြီး အများကြီးချစ်တယ်.......❤

Dog & Cat (Taejin)Where stories live. Discover now