ရင်းဆုယဲ့ကြောင့်သာမဟုတ်ရင် မြို့တံခါးအပြင်မှာ အရှက်ကွဲပါ့မလား..?

ထို့ကြောင့် ရွှယ်ယို့ရှန်းက ရင်းဆုယဲ့ကို အပြစ်ပုံချပြီး ရှေ့ထွက်ရှင်းအောင် လုပ်လိုက်တယ်။

“ကိုယ်အခုပဲ ဖြေရှင်းလိုက်ပါ့မယ်..”

ကောင်လေးရဲ့ အူကြောင်ကြောင်ပုံစံလေးကို အလုံအလောက် ခံစားကြည့်ရှုပြီးနောက် ရင်းဆုယဲ့က အမူအရာပြောင်းသွားတယ်။ ပေါ့ပေါ့ပါးပါးဟန်ပန်ကနေ ရုတ်ချည်း လေးနက်သွားတယ်။ သူသာ ထပ်ပြီးအချိန်ဆွဲနေရင် ကောင်လေး မခံမရပ်နိုင်ဖြစ်ပြီး စိတ်တိုလာတော့မယ်။ ဒီလိုသာဆို ‘အမြတ်က အရှုံးကို မကာမိအောင်’ ဖြစ်တော့မှာပဲ။ ထိုအတွေးကြောင့် ဂိတ်စောင့်စစ်သည်ကို လှည့်ကြည့်လိုက်တဲ့ ရင်းဆုယဲ့ရဲ့ မျက်ဝန်းတွေက ပိုမိုထက်ရှလာခဲ့တယ်။

“တာဝန်ရှိတဲ့လူကို သွားခေါ်လာခဲ့.. ငါနဲ့လာတွေ့ခိုင်းလိုက်..!”

ရင်းဆုယဲ့က အသာအယာ မျက်လုံးမှိတ်ပြီး တစ်ဖန်ပြန်ဖွင့်လိုက်တယ်။ မျက်ဝန်းအရောင်က ဘုရင်တွေပဲ ပိုင်ဆိုင်တဲ့ ရွှေရောင်အဖြစ် ပြောင်းလဲသွားလေတယ်။ ကောင်လေးကလွဲရင် ဘယ်သူ့ကိုမှ မျက်နှာသာမပေးနိုင်ဘူး။ မိစ္ဆာတွေရဲ့ ပိုင်နက်ထဲကို ရောက်နေပေမယ့် ရင်းဆုယဲ့က ခပ်လျှိုလျှိုနေဖို့ ရည်ရွှယ်ချက်မရှိတဲ့အပြင် ဒေသခံခေါင်းဆောင်ကို သွားတွေ့ရမယ့်အစား အထက်စီးကနေပြီး တာဝန်ရှိသူကို သူနဲ့လာတွေ့ဖို့ ခေါ်ခိုင်းလိုက်သေးတယ်။ သဘာဝဆန်ဆန် အမိန့်ပေးလိုက်ပုံက မိစ္ဆာတွေရဲ့ အရှင်သခင်အလား။ ထိုအပြုအမူက ရင်းဆုယဲ့ဟာ မိစ္ဆာမျိုးနွယ်ကို သူနဲ့တန်းတူ သဘောမထားမှန်း သိသာလွန်းလှတယ်။ တစ်နည်းပြောရရင် မိစ္ဆာဘုရင်ကလွဲပြီး တခြားမိစ္ဆာတွေကို မျက်လုံးထဲမထည့်ဘူး။

“………..”

ရှောင်ယဲ့ယဲ့ရဲ့ သဘာဝဆန်ဆန် အမိန့်ပေးလိုက်ပုံကိုကြည့်ရင်း ရွှယ်ယို့ရှန်းမှာ ‘ဒီလူသားဘုရင်ရင်းဆုယဲ့က သူ့ထက်တောင် ပိုမိုက်သေးတယ်’လို့ တွေးနေမိတော့တယ်။ အထက်စီးဆန်တဲ့ အရှိန်အဝါ၊ မောက်မာထောင်လွှားတဲ့ အမူအယာနဲ့ လွှမ်းမိုးနိုင်စွမ်းပြင်းတဲ့ ကိုယ်ဟန်အနေအထား၊ အရာအားလုံးက အနှိုင်းမဲ့ဘုရင်တစ်ပါးရဲ့ မြင့်မြတ်တဲ့ ဂုဏ်အသရေကို ဖော်ကျူးနေခဲ့လေတယ်။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now