အခန်း ၂၆ သံသယများ

Start from the beginning
                                    

[System: ဘာဖြစ်နေတာလဲ]

ဂျူလီယမ် က "ဘာမှမဖြစ်ပါဘူး
ငါ  လူးရှပ်စ်ကို ထပ်မတွေ့တော့ဘူး"

[ System- အိုး? မင်းဘာကိုဆိုလိုချင်တာလဲ ]

ဂျူလီယမ် က တုန်လှုပ်စွာဖြင့် ခေါင်းကို
ရှင်းထုတ်လိုက်ပြီး "ငါ သူ့ကို ရှောင်သင့်တယ်
သူက ငါ့ရဲ့ အယ်လ်ဖာမဟုတ်ဘူး ]

[System- တစ်နေရာရာမှာ မှတ်ထားလိုက်ပါပြီ ]

ဂျူလီယမ် ကို System က စကားမပြောဘဲ
ချန်ထားခဲ့တယ်။

သူ့ရဲ့ Weibo ကို ကြည့်ရင်း သူ့ရဲ့
တိုက်ရိုက်ထုတ်လွှင့်မှု စွမ်းဆောင်ရည်နဲ့
ပတ်သက်ပြီး အပြုသဘောဆောင်တဲ့
မှတ်ချက်တွေ ဖတ်နေချိန်မှာ
သူ့ရဲ့ စိတ်ဓာတ်တွေ ပြောင်းလဲသွားပြီး
နောက်ဆုံးမှာတော့ သူ့မျက်နှာမှာ အပြုံးတစ်ခု
ပေါ်လာခဲ့ပါတယ်

ဂျူလီယမ်ဟာ သူ့စိတ်အတိုင်း တိုက်ရိုက်ထုတ်လွှင့်ခဲ့ပြီး
သူကြိုတင်မကြော်ငြာထားပေမဲ့ လူတွေက
ချက်ချင်းပေါ်လာပါတော့တယ်

ပထမတော့ သူ လူအများကို အော်ဟစ်ပြီး
မေးခွန်းများကို ဖြေဖို့မှတ်ချက်များ အပိုင်းကို
ဖတ်ကာ မိနစ်အနည်းငယ်ကြာ
ပရိသတ်နှင့် ပေါ့ပေါ့ပါးပါး စကားပြောဆိုခဲ့ပါတယ်

ဂျူလီယမ်၏ liveအောက်မှာ  ကြည့်ရှုသူ
မရေမတွက်နိုင်သော အင်တာနက်သုံးစွဲသူ များက-

[ခွေးဘုရင်- ဒီလို အဆိုစွမ်းရည်နဲ့
ဖျော်ဖြေရေးနယ်ပယ်ထဲသို့ မဝင်လာ
စိတ်မ ‌ေကာင်းစရာပဲ ]

[ရွှေငါး‌ေလး- သူဖျော်ဖြေတုန်းက
လူကိုယ်တိုင်သွားမကြည့်ခဲ့တာ နောင်တရတယ်ကွာ ]

[ ပိုးကောင်လေး - မင်းအစ်ကိုက မင်းကို
ပိုက်ဆံဘယ်လောက်ပေးထားလဲ
ကိုယ်က နှစ်ဆပေးမယ် ]

ဂျူလီယမ်ဟာ ဤမှတ်ချက်အချို့ကိုဖတ်ပြီးနောက်
ပြုံးလိုက်သော်လည်း၊ ၎င်းတို့ထဲမှ
တစ်စုံတစ်ယောက်ကိုမျှ တုံ့ပြန်ရန်မရည်ရွယ်ပါ
"ဒီမှာနေရင်း လုပ်စရာရှိသေးလို့ပါ"

သူ့ခံစားချက်တွေကို တစ်ယောက်ယောက်ကို
ဝေမျှချင်ရုံပါပဲ။
ဂျူလီယမ်ဟာ သူ့နှလုံးသား၏ တွန်းအားကြောင့်
ဤဆုံးဖြတ်ချက်ကို ချခဲ့၏။
သူ့ဖျော်ဖြေမှုကို ကြည့်ရှုနေကြသူတွေဟာ
အလားတူစွာပင် တစ်ခုခုကို ဖြတ်သန်းနေကြပြီး
သူ့သီချင်းကို နားထောင်ရင်း သူတို့ဟာ
တစ်ယောက်တည်း မဟုတ်ဘူးဆိုတာ
သိလာလိမ့်မယ်

ABOစာအုပ်ထဲကူးပြောင်းပြီး ဗီလိန်အိုမီဂါလေးဖြစ်လာ [ Rebirth; System ] Volume I Where stories live. Discover now