ထယ်ယောင်း ဘာမှမပြောတော့ဘဲ ခေါင်းတစ်ချက်ညိတ်ကာ လက်ထဲက ချိုင့်လေးကိုသာကမ်းပေးလိုက်သည်။ဒါလေးတော့ မ‌ဖြစ်မနေပေးခဲ့မှဖြစ်မည်။မေမေက စိတ်ပူနေရှာတာ။သူ့သားငယ်လေးအတွက်ဆိုပြီး မနက်အစောကြီးထ လုပ်ပေးလိုက်တာလေးတော့ ယူထားစေချင်ပါသည်။

ကမ်းပေးလာတော့လည်း တော်တော်နဲ့မယူပါဘဲ ထယ်ယောင်းကို စိုက်ကြည့်နေသေးသည်။ခဏနေမှ လှမ်းယူလိုက်သည်။

"ကျေးဇူးတင်ပါတယ် ~ ဒါဆို သွားလိုက်ပါဦးမယ် ~"

"နေဦး !"

"ဝင် !"

"ထပ်ပြီးကျေးဇူးတင်ပါတယ် ~"

ချိုင့်ပေးပြီးတာနဲ့ လှည့်ထွက်မယ်လုပ်တော့ ထိုလူနှစ်ယောက်ထဲမှ တစ်ယောက်က ထယ်ယောင်းအား ထပ်ခေါ်ကာ ခြံတစ်ခါး‌ရှေ့ကဖယ်ပေးရင်း ဝင်ခိုင်းသည်။ဘာစိတ်ကူးတွေပေါက်ပြီး သနားသွားလဲမသိပေမယ့် ကျေးဇူးတင်ပါသည်။လွမ်းနေတဲ့မျက်နှာလေးကို ထိုလူ့ကျေးဇူးနဲ့ ငေးကြည့်ခွင့်ရတော့မည်လေ။

"ဘာ ဘာလုပ်တာလဲဗျ !"

"တာဝန်အရ မင်းကို စစ်ဆေးရမယ် !"

"ဟင်းး ~"

"ရပြီ သွားတော့ ! Key ဒီကောင်လေးကို လိုက်ပို့လိုက် !"

ခြံထဲဝင်ရလို့ အလုံးကြီးကျရုံတင်ရှိသေး လူတစ်ကိုယ်လုံး မပြောမဆိုလိုက်စမ်းကာ ဘာဘာညာညာရှာဖွေသေးသည်။

ဘယ်နှယ် ! ရင်တောင်တုန်တယ် !

ထိုမျှမက အိမ်တော်ကြီးထဲဝင်ရာလမ်းတစ်လျှောက်တွင်လည်း ဝတ်စုံပြည့်နဲ့လုံခြုံရေးတွေက နှစ်ဆယ်နီးပါးကိုရှိသည်။မျက်စိနဲ့ ဖျက်ခနဲ ကြည့်ရင်တောင်မြင်ရသည့် လုံခြုံရေးကင်မရာများကလည်းအပြည့်။ဝန်ကြီးချုပ်အိမ်ခိုးဝင်တဲ့သူက ဥမှင်လှိုဏ်ခေါင်းတူးပြီးဝင်ရင်ဝင်၊မဟုတ်ရင် ကိုယ်ဖျောက်ဝင်မှရမည်။

"ဒီမှာ ခဏစောင့် ! "

"ဟုတ်ကဲ့ ~"

အိမ်ကြီးထဲရောက်တော့ ထယ်ယောင်းအား ဧည့်ခန်းကြီးဆီခေါ်သွားပေးပြီးပြန်ထွက်သွားသည်။ထိုလူပြန်ထွက်သွားမှ ဆိုဖာအဖြူကြီးထက်ဝင်မထိုင်ပါဘဲ အလယ်တွင်သာရပ်ရင်း မျက်ဝန်းများကစားကြည့်လိုက်သည်။နံရံကို ဆေးအဖြူသာ ချယ်ထားသည့်အပြင် ကြွေပြားချပ်ကြီးတွေကလည်း အဖြူရောင်သာဖြစ်သည်။သို့သော် ပြောင်ချောကာ ကြည်လင်နေပြီး ထယ်ယောင်းရဲ့မျက်နှာပင်ပြန်မြင်ရသည်အထိပင်။နံရံတွင်လည်း ပန်းချီကားကြီးတွေချိတ်ထားတာများ အစီအရီ။ဧည့်ခန်းအဝရှိ နတ်သမီးပန်းပုရုပ်ကြီးနှစ်ခုကလည်း တန်ဖိုးမနည်းပေ။မီးဆိုင်းကြီးတွေဆို ထယ်ယောင်းပင်မမြင်ဖူးသည့် designမျိုးဖြစ်သည်။

Love = Love ( Taekook ) ( Completed )Where stories live. Discover now