အပိုင်း (32)Un Zaw

Start from the beginning
                                    

"ဟုတ်

"ဆရာလေးရောက်နေတာလား

အိမ်ပေါ်ကနေ မုန့်လင်ဗန်းကိုကိုင်ပြီးဆင်းလာတဲ့ အမျိုးသမီးတစ်ယောက် ရင်ဖုံးအကျီနဲ့ သနပ်ခါးရေကြဲလေးလိမ်းပြီး ဆံထုံးမြင့်မြင့်ထားတဲ့ အမျိုးသမီးဟာဆိုရင်ဖြင့်မြင် မြင်ရသူတိုင်းအဖို့ ရင်အေးစေသည်။

ခွပ်ဒေါင်းမာန်ရဲ့အမလို့ပြောစရာမလိုအောင်ရုပ်ရည်နဲ့ မျက်နှာပေါက်ကတစ်ပုံစံထဲတူပြီး အသားအရည်က‌‌တော့ကွဲပြားသွာ၏

အရမ်းကြီးမခင်ပေမဲ့ ကျောင်းမှဖိုးသားလေးကိုလာကြိုနေကျမလို့ မျက်တန်းမိနေတာေတာ့အမှန်

ဟိုအမျိုးသမီးရဲ့စကားကိုနွေဦးခေါင်းညိမ့်အသိအမှတ်ပြုလိုက်ပြီး

" ဆရာလေးလာတာနဲ့အတော်ဘဲ ညနေကျနှင်းသွေးတို့က ဆရာလေးကို ထမင်းဖိတ်ကျွေးချင်လို့

"အာရပါတယ်  မလိုပါဘူးဗျ

"မဟုတ်တာဆရာလေးရာ ကျုပ်တို့ကအရင်ကတည်းက ထမင်းဖိတ်‌ကျွေးဖို့စီစဥ်ပြီးသား ပွဲရုံကိစ္စတွေနဲ့ရူပ်နေလို့ မဖိတ်ဖြစ်တာအခုတော့ ဘုရားပွဲလဲဖြစ်ဆိုတော့ တစ်ခါထဲဖိတ်လိုက်တာ

" ညနေလာရမယ်နော် နှင်းသွေးတို့က ဟင်းတွေအကုန်ချက်ထားမှာမလို့

အတင်းပြောနေတာမလို့ နောက်ဆုံးငြင်းမနေတော့ဘဲလက်ခံလိုက်တယ်

"ဟုတ်ကဲ့ကျွန်တော်လာခဲ့ပါမယ်

"မုန့်တွေစားပါအုံး

"ဟုတ် စားပါတယ်ဗျ

သူတိုချပေးတဲ့မုန့်တွေနဲ့ ဒေါ်လေးအေးကြည်တို့အိမ်ကမုန့်တွေကအတူတူ အရသာ သာကွာသည် စားလို့ကတော့ကောင်း၏

"အဖေဆရာလေးကိုဧည့်ခံထားလိုက်အုံးနော် သမီး နောက်ဘေးတစ်ချက်သွားကြည့်လိုက်အုံးမယ်

"အေး

"ဆရာလေးမုန့်တွေစားနော်အားမနာနဲ့

"စားပါတယ်ဗျ

ဝက်သားတွဲသွားယူတဲ့သူကိုစောင့်ရင်းနွေဦးနဲ့ ဦးတိုးမာန်ဟိုအကြောင်းဒီအကြောင်းစကားဆက်ပြီပြောဖြစ်ကြသည်။

ဒေါင်းWhere stories live. Discover now