အပိုင်း (32)Un Zaw

Start from the beginning
                                    

"ခိုင်းတယ်လို့တော့မထင်ပါနဲ့ငါတူကြီးရယ် ဦးတိုးမာန်တို့အိမ်သွားပြီး ဝက်သားတွဲလေးသွားယူးပေးစမ်းပါ။ မနက်ဆွမ်းလောင်းဖို့အတွက်မှာထားလို့

"  မထင်ပါဘူးဒေါ်လေးရယ်ကျွန်တော်လဲမနက်ဆွမ်းလောင်းဖို့ ဘာမဝယ်ရသေးဘူး  ဘာဝယ်ပြီးလောင်းရင်ကောင်းလဲဟင်

"ဦးတိုးမာန်တို့ဆီကဝက်သားလေးသာဝယ်ပြီးတော့ လောင်လိုက်အဲ့တာကဟင်းလဲဖြစ်သည် ပွဲလဲလှတယ်

"ဟုတ်ဟုတ်အဲ့တာဆိုကျွန်တော်သွားယူလိုက်မယ်

"အေးအေး

နွေဦးကျောက်ခဲတို့ခြုံထဲကနေထွက်လာခဲ့လိုက်ပြီး မြောက်ပိုင်းကို ချီတက်ခဲ့လိုက်တယ်

ဦးတိုးမာန်တို့အိမ်ရှေ့ရောက်တော့ အရင်ဦးဆုံးသူတို့အိမ်ထဲကို တစ်ချက်လှမ်းကြည့်လိုက်တယ် လူအရိပ်ယောင်တောင်မတွေ့ရဘူး

" မောင်နွေဦးလာ‌လေ ဘာ‌တွေချောင်းနေတာလဲ

အသံကြားရာကြည့်လိုက်တော့  သံပုရာပင်အောက်ကထွက်လာတဲ့ ဦးလေးဦးတိုးမာန် နွေဦးပြုံးပြလိုက်ပြီး ဦးတိုးမာန်ရှိတဲ့ဆီကိုလျောက်သွားလိုက်တယ်

" ကျွန်တော်က ဦးလေးကိုရှာနေတာပါ အိမ်ထဲက လူအရိပ်အယောင်မတွေ့တော့ လူမရှိဘူးထင်နေတာ

" အိမ်နောက်ဘေးမှာ ချက်ပြုတ်နေကြတာ လာအိမ်ထဲထိုင်အုံး

ဦးလေးဦးတိုးမာန်ခေါ်ရာနောက်လိုက်သွားလိုက်ပြီး ဦးလေးနေရာပြတဲ့နေရာမှဝင်ထိုင်လိုက်သည်။ ရွာရဲ့ချမ်းသာတဲ့သူတွေဖြစ်‌သလို အိမ်ကလဲခမ်းနားပြီးလှပနေသည်။

"နှင်းသွေးရေ နှင်းသွေ မုန့်လေးတွေလာချပါအုံးဟ

"လာပြီမအဖေရေ လာပြီ

"ရပါတယ်ဦးလေးရဲ့ ကျွန်တော်ကဝက်သားတွဲယူပြီးပြန်မှာ

" မောင်နွေဦီးရောမှာထားတာလား

"ကျွန်တော်ကတော့မမှာထားပါဘူး ဒေါ်လေးအေးကြည်ဟာ ပိုရင်ကျွန်တော်လဲ တစ်တွဲလောက်လိုချင်ပါတယ် မနက်ဆွမ်းလောင်းဖို့အတွက်

"မပိုရင်လဲ ဦးလေးတို့ထဲကတစ်တွဲပေးလိုက်မယ် ဝက်သားကဟိုကောင်သွားယူတယ် ခဏနေပြန်လာတော့မှာ

ဒေါင်းWhere stories live. Discover now