(Unicode)
ကတ်စပီးယားပြည်နယ် ကွိုင်ရန်မြို့နယ်လေးတွင် တိမ်တွေအုံဆိုင်းလို့နေခဲ့သည်။ အချိန်အားဖြင့် မနက်၇နာရီ ၄၅မိနစ်!!!
"ကိုကို ဒီနေ့တော့ တီတီလေးကို ခေါ်လို့မရတော့ဘူးနော်"
အု~အု ~
Jonginပြောတာကို နားလည်တဲ့ ခွေးမလေးတီတီသည် ချောင်လေးထဲကုပ်ကာ သွားအိပ်နေပြန်သည်။မိုးအေးတော့ ကွေးအိပ်တော့မယ်ဆိုတဲ့သဘော....
Kyungsooရဲ့ တစ်နေ့တာလုပ်ငန်းစဥ်သည် ရိုးရှင်းလှသည်။ကွိုင်ရန်မြို့ကို သူအခုမှစရောက်တာမို့ အေးရအေးကြောင်း ကွိုင်ရန်မြို့နယ်လေးရဲ့ အလှအပတွေကို သူခံစားဦးမည်။
Kyungsooတစ်ယောက် သူ့ရဲ့လက်စွဲတော် စက်ဘီးလေးကိုတွန်းရင်း အိမ်ပြင်ကိုထွက်လာခဲ့လိုက်သည်။
"ဟေ့... Kyungsoo!!!"
Kyungsooဆိုတဲ့ခေါ်သံကြောင့် နောက်လှည့်ကြည့်လိုက်တော့ ဟိုနေ့ကတွေ့ခဲ့တဲ့ ကော်ဖီဆိုင်ပိုင်ရှင် Jongin ဖြစ်လို့နေသည်။
"Jongin... ဘယ်လိုလုပ်ပြီး...အာ~~ ဒီအိမ်က ခင်ဗျားရဲ့အိမ်လား"
သူတို့အိမ်ရဲ့ သုံးအိမ်ကျော်က ကျွန်းသားနဲ့ဆောက်ထားတဲ့ နှစ်ထပ်တိုက်အိမ်လေးသည် Jonginရဲ့ အိမ်ဖြစ်သည်ကို Kyungsooတစ်ယောက် အခုမှသိလိုက်ရသည်။
"ဟုတ်တယ် ကျွန်တော့်အိမ်လေ မင်းအားရင် လာလည်လို့ရပါတယ် ဒါနဲ့ ခုရော ဘယ်ကိုသွားမလို့လဲ"
စက်ဘီးကို လက်ညှိုးထိုးပြီး မေးလာတဲ့ Jonginကြောင့် သူ ရယ်မောလိုက်မိသည်။
ဒီလူက သူ့ကိုသိတာဖြင့် အချိန်ပိုင်းလေးပဲရှိခဲ့ဖူးတာကို တရင်းတနှီးစကားလာပြောတဲ့ သတ္တိကို Kyungsoo သဘောကျလို့နေသည်။
"ကျွန်တော်မေးတဲ့ထဲ ရယ်စရာပါသွားလို့လား ဟင်!!"
"မဟုတ်ပါဘူး ဒီအတိုင်း သဘောကျစရာလေးတစ်ခုကို တွေးမိသွားလို့ပါ... စက်ဘီးနဲ့က မြို့ထဲ ဟိုနားဒီနား ပတ်စီးမလို့ပါ"
နားလည်သွားဟန်ရှိတဲ့ Jonginသည် သူ့အတွက်သွားစရာ နေရာလေးတစ်ခုကိုတောင်ပြောပြသွားခဲ့သေးသည်။
YOU ARE READING
Arborvitae (Kaisoo ver)
Romanceခင်မင်မှုရဲ့ အနှစ်သာရက တဖြည်းဖြည်းပေါ်လွင်လာသောအခါ~~