အပိုင်း-၂

111 27 9
                                    

(Unicode)

မိုးတအုံအုံနဲ့ ကောင်းကင်တစ်ခွင်လုံး မဲမှောင်နေတဲ့ လု့ရစ်မြို့ရဲ့ ရာသီဥတုအခြေအနေက စိတ်ပျက်စရာကောင်းလှသည်။

"Kyungsoo  တကယ်ကြီး ထွက်သွားတော့မှာလား"

ပြတင်းပေါက်ကနေ အပြင်ဘက်ကို တွေးတွေးလေးငေးနေတဲ့ Kyungsoo ဆိုတဲ့ကောင်ငယ်လေးကို သက်လတ်ပိုင်းအမျိုးသမီးတစ်ယောက်က မေးမြန်းလေသည်။

အညိုရောင်မျက်လုံး နှာတံစင်းစင်း နှုတ်ခမ်းထူထူလေး မျက်နှာအချိုးအစားကြောင့် မြင်လိုက်တာနဲ့ အချိုးအဆညီမျှစွာ ချောမောလွန်းနေတဲ့ကောင်လေးတစ်ယောက် ဘာဂျယ်လ်မှ မလိမ်းခြယ်ထားဘဲ နဖူးပေါ်ခပ်ဝဲဝဲကျနေတဲ့ ခဲနုရောင် ဆံသားအိအိလေးတွေက လေတိုက်လိုက်တာနဲ့ ဟိုတစ်စ ဒီတစ်စ နဖူးပေါ်ဝဲကျလို့နေသည်။

ပါဝါမပါတဲ့ မျက်မှန်အဝိုင်းလေးကိုတပ်ဆင်ထားတတ်တဲ့ Kyungsoo ဆိုတဲ့ကောင်လေးရဲ့ မျက်ဝန်းတို့သည် ညိုးငယ်လို့နေသည်။

"သူမနဲ့အတူတူကုန်ဆုံးခဲ့တဲ့နေရာမှာ နေရတာ မပျော်ရွှင်နိုင်ဘူး အန်တီ"

"အန်တီ့ကို တစ်ယောက်တည်း ထားခဲ့တော့မှာလား!! "

"ပြန်လာခဲ့မှာပါ တစ်နေ့နေ့တော့ အန်တီရှိတဲ့နေရာကို ပြန်လာခဲ့ပါ့မယ်"

ပွေ့ဖက်နှုတ်ဆက်ပြီးတာနဲ့ ထွက်ခွာသွားတဲ့ Kyungsooရဲ့ နောက်ကျောပြင်လေးသည် အရမ်းကို အထီးကျန်ဆန်လွန်းနေသည်။

ထိုကောင်လေးရဲ့ တစ်ဦးတည်းသော ချစ်ရတဲ့မိန်းကလေးသည် လွန်ခဲ့တဲ့ တစ်လက သူ့ရဲ့ ဘဝထဲကနေ အပြီးပိုင်ထွက်သွားခဲ့သည်။ မွေးရာပါ နှလုံးရောဂါအခံ​လည်းရှိတာမို့ လီလီ ဆိုတဲ့ Kyungsooရဲ့ ကောင်မလေးသည် Heart Attackဖြစ်ကာ ရုတ်တရက် သေဆုံးသွားခဲ့ရသည်။

၅နှစ်ကျော် ၆နှစ်နီးပါး အတူတူလက်တွဲခဲ့ကြတဲ့ သူတို့နှစ်ယောက်ရဲ့ အချစ်ရေးသည် သေကွဲ ကွဲခဲ့ကြရသည်။ ကျန်ရစ်သူမှာလည်း သေသူနဲ့မခြား အမြဲတမ်း တမှိုင်တထွေထွေနဲ့ ဘဝကြီးကိုဖြတ်သန်းနေခဲ့သည်။ အခုလို ထွက်သွားဖို့ တစ်ပတ်မလိုခင်က Kyungsoo  တစ်ယောက် ထူးထူးဆန်းဆန်း ပြောလာခဲ့သည်။

Arborvitae (Kaisoo ver)Where stories live. Discover now