အပိုင်း-၁

387 44 7
                                    

(Unicode)
လီထန်နိုင်ငံ ကတ်စပီးယားပြည်နယ် ကွိုင်ရန်မြို့နယ်လေးတွင် ၃ရက်ဆက်တိုက် မိုးများသည်းထန်စွာရွာသွန်းနေခဲ့သည်။လေပြင်းများကလည်း အဆက်မပြတ်တိုက်ခတ်နေပြန်သည်။

မိုးဦးအစကတည်းက တဖြောက်ဖြောက်ရွာသွန်းနေတတ်သည့် မိုးသည် ဒီတစ်ကြိမ်တော့ တမူထူးခြားစွာ ဆက်တိုက်ရွာသွန်းနေသည်ကို လူကြီးများက တစ်ခွန်းတစ်စပြောနေသည်ကို ဘရိုင်ယန်နားထောင်နေမိသည်။

"ဒီနှစ်မိုးရွာတာက တို့မြို့လေးအတွက် ကံကောင်းမှုတွေ သယ်ဆောင်လာပေးတဲ့ကံကောင်းခြင်းမိုးပဲကွ"

"အင်း~~မနှစ်က မိုးခေါင်တော့ စိုက်ပျိုးခင်းတွေလည်းပျက်စီးပြီး စီးပွားရေးသမားတွေအတွက်လည်း အရှုံးတွေပေါ်ခဲ့တာလေ!! "

"ဟေ့~~ဆိုင်ပိုင်ရှင်လူချောလေး မင်းရောဘယ်လိုထင်လဲကွ"

ကွိုင်ရန်မြို့ရဲ့ တစ်ခုတည်းသော Cafeဆိုလို့ ဆိုင်ရှင်ချောချောလေးဖွင့်ထားတဲ့ "KiD "Cafeသည် ကွိုင်ရန်မြို့တွင်မက တခြားနယ်မြို့နယ်များတွင်လည်း နာမည်ကျော်ကြားသည်။

အရပ်၆ပေ ၄လက်မအမြင့်ရှိပြီး တမူးထူးခြားတဲ့ နို့နှစ်ရောင်အသားရေပိုင်ရှင်ဖြစ်တဲ့အပြင် အညို ရင့်ရောင်ဆိုးထားတဲ့ Mullet hairဆံပင်စတိုင်ကိုမှ ဆံပင်တစ်ဝက်အမြဲတမ်းစည်းထားတာကြောင့် မျက်နှာသွယ်သွယ် နှာတံဆင်းဆင်းလေးက ထင်းလို့နေတော့သည်။တစ်ခါတွေ့တာနဲ့ နောက်တစ်ခါထပ်ကြည့်ချင်ရလောက်အောင် စွဲမက်စရာကောင်းတဲ့ မျက်နှာပိုင်ရှင်ဖြစ်တာကြောင့် Jongin ရဲ့ ချောမောမှုသည် ကွိုင်ရန် မြို့နယ်လေးတွင် ထင်ပေါ်ကျော်ကြားနေတော့သည်။

"KiD"Cafeကိုရောက်လာတဲ့ လူကြီးအများစုကတော့ Jonginကို ဆိုင်ရှင်ချောချောလေးလို့သာ ခေါ်လေ့ရှိကြသည်။

"ကျွန်တော့်အထင်ကတော့ ကော်ဖီတွေ အများကြီးရောင်းရတာပေါ့ဗျာ"

"ဟာကွာ~~ဒီကောင်လေးကတော့ အမြဲတမ်းရွှတ်နောက်နောက်နဲ့"

Jonginရဲ့ အရွှန်းဖောက်နောက်ပြောင်မှုကို လူကြီးအုပ်စုက သဘောကျလို့နေတော့သည်။

Arborvitae (Kaisoo ver)Where stories live. Discover now