Summary Of Errors

Start from the beginning
                                        

နှုတ်ခမ်းကို ဆူထားလိုက်တာလည်း ထော်ထွက်လာပြီး သူ့မျက်နှာကို ထိုးမိသွားပါဦးမယ်...နည်းနည်းလေးကို အများကြီးပါဆိုပြီး အကဲပိုလွန်းတယ်

မျက်နှာကို လက်နှစ်ဖက်နဲ့ ထိန်းကိုင်ပြီး မရပ်မနား တပြွတ်ပြွတ် အသံထွက်အောင် နမ်းလိုက်တော့ သဘောကျတဲ့ ရုပ်ကြီးက ပြီတီတီနဲ့

ချစ်ပါတယ်ဆိုမှ ပိုပြီးချစ်ချင်လာအောင် ဆွဲဆောင်နေတဲ့ရှောင်းက အမြင်ကတ်ဖို့ သိပ်ကောင်းပါတယ်

အရမ်းပဲချစ်ရလွန်းလို့ အချစ်ကြီးပြီး အကြွေလွန်းသွားတော့ ချစ်စနိုးနဲ့ အမြင်ကတ်စရာကောင်းလာတာ

"ဒါဆိုရင် လုံလောက်ပြီလား ငါရဲ့သက်ဆိုင်သူ Alphaဆိုးကြီး"

"အသည်းယားစရာ ကောင်းလိုက်တာ babeလေးရယ်...ကိုယ့်မှာ မြတ်နိုးရလွန်းလို့ မင်းလေးကို အနားမှာ ခေါ်ထားလိုက်ချင်တော့တယ်"

"ရှောင်းကခေါ်ထားချင်မှတော့ မငြင်းရက်ပါဘူးနော်...ရှောင်းမပြောရင်တောင် ဒီလိုလေးကပ်နေဖို့ စဉ်းစားထားတာ"

ရင်ခွင်ထဲ ကိုယ်လုံးသေးသေးလေးကို ကျုံ့နိုင်သမျှကျုံ့ပြီး ကြောင်ပေါက်လေးလို ကုတ်တွယ်ထားတာက ရှောင်းကျန့်အသည်းကို အစိမ်းလိုက် တစစီဖြုတ်ခြွေနေသလိုပဲ

ဒီAlphaကြီးက ဘာမှမသိနားမလည်သေးတဲ့ မွေးကင်းစ ကလေးကနေ မြတ်နိုးလာရတာ အခုအိမ်သူသက်ထားလေးအနေနဲ့ ပိုင်ဆိုင်ခွင့်ရတဲ့အထိ

ကမ္ဘာကြီးပေါ်ကို ပထမဆုံး ရောက်တဲ့နေ့ကနေ ကိုယ့်နှလုံးသားကို လှုပ်ခတ်သွားအောင် ဖမ်းချုပ်နိုင်တဲ့ babeအဆိုးလေးက ကိုယ့်အတွက် ကံကောင်းချင်းဆုလာဘ်တခု

လိုအပ်နေတဲ့ အသည်းတစ်ခြမ်းက babeနဲ့တွေ့မှ ပြည့်စုံလာပြီး ပျော်ရွှင်မှု့အစိတ်အပိုင်းလေးဖြစ်အောင် ဖန်းတီးပေးနိုင်စွမ်းရှီတဲ့ angelလေး

ကမ္ဘာကြီးပျက်သုဉ်းသွားရင်တောင် ရှင်သန်နေမဲ့ babeပေါ်ထားတဲ့ မေတ္တာတရားတွေက မိဘနှစ်ပါးလို ကိုယ်ဖိရင်ဖိ ချစ်မြတ်နိုးသွားဖို့ တိတ်တဆိတ် ကျိန်ဆိုပြီးသား

"ဟူး အေးလိုက်တာ"

"အေးနေတာလား"

ခန္ဓာကိုယ်လေး တုန်တတ်သွားကာ babe ငြီးတွားသံကြောင့် အမြတ်တနိုး မေးလိုက်တော့ နှုတ်ခမ်းလေးဆူကာ ခေါင်းလေးငြိမ့်ပြလာလေရဲ့

Xiao,I Need Your D**kWhere stories live. Discover now