ဒီAlphaကြီးက ဘာမှမသိနားမလည်သေးတဲ့ မွေးကင်းစ ကလေးကနေ မြတ်နိုးလာရတာ အခုအိမ်သူသက်ထားလေးအနေနဲ့ ပိုင်ဆိုင်ခွင့်ရတဲ့အထိ

ကမ္ဘာကြီးပေါ်ကို ပထမဆုံး ရောက်တဲ့နေ့ကနေ ကိုယ့်နှလုံးသားကို လှုပ်ခတ်သွားအောင် ဖမ်းချုပ်နိုင်တဲ့ babeအဆိုးလေးက ကိုယ့်အတွက် ကံကောင်းချင်းဆုလာဘ်တခု

လိုအပ်နေတဲ့ အသည်းတစ်ခြမ်းက babeနဲ့တွေ့မှ ပြည့်စုံလာပြီး ပျော်ရွှင်မှု့အစိတ်အပိုင်းလေးဖြစ်အောင် ဖန်းတီးပေးနိုင်စွမ်းရှီတဲ့ angelလေး

ကမ္ဘာကြီးပျက်သုဥ်းသွားရင်တောင် ရှင်သန်နေမဲ့ babeပေါ်ထားတဲ့ မေတ္တာတရားတွေက မိဘနှစ်ပါးလို ကိုယ်ဖိရင်ဖိ ချစ်မြတ်နိုးသွားဖို့ တိတ်တဆိတ် ကျိန်ဆိုပြီးသား

"ဟူး အေးလိုက်တာ"

"အေးနေတာလား"

ခန္ဓာကိုယ်လေး တုန်တတ်သွားကာ babe ငြီးတွားသံကြောင့် အမြတ်တနိုး မေးလိုက်တော့ နှုတ်ခမ်းလေးဆူကာ ခေါင်းလေးငြိမ့်ပြလာလေရဲ့

မှန်ပြတင်းပေါက်ကနေ မြင်နေရတဲ့ မိုးစက်မိုးပြောက်တွေဟာ သည်းထန်စွာ ရွာသွန်းနေတဲ့အတွက် အအေးဓာတ်က အခန်းအတွင်းကို စိမ့်ဝင်လို့လာတယ်

အခိုးအငွေ့တွေရိုက်ခက်နေတဲ့အတွက် အပြင်ဘက်ကို မှုန်ဝါးဝါးသာမြင်နေရပြီး ခန့်မှန်းလို့မရတဲ့ ရာသီဥတုအခြေအနေကို ငေးမောကြည့်နေသည်

ရိပေါ်ဆိုတဲ့ Omegaအလှလေးက သူ့ပိုင်ရှင်ကြီးကို မေ့လျော့နေဟန် ဆွေးဆွေးလေး ငေးငိုင်နေကာ ရှောင်းကျန့်ဆိုတဲ့ Alphaကြီးကတော့ ပန်းချီကားထက်လှတဲ့ သက်ရှီအရုပ်လေးကို မြတ်နိုးခြင်းအပြည့်နဲ့ စိုက်ကြည့်နေတယ်

မိုးရာသီမှာ တိမ်ဆိုင်တွေ ဖုံးလွှမ်းနေပြီး တမြေ့မြေ့ရွာသွန်းနေတဲ့ မိုးရေစက်များနဲ့အပြိုင် ချွေးတလုံးလုံးထွက်တဲ့အထိ ပေါင်းစည်းရတာလည်း သဘာဝကျတယ်

ချွေးစက်တွေနဲ့ အချောင်းလိုက်ဖြစ်နေတဲ့ ဆံသားဝါဝါလေးတွေကို သပ်တင်ပေးလိုက်ပြီး ငန်ကျိကျိဖြစ်နေတဲ့ နဖူးပြင်လေးကို အနမ်းပေးလိုက်သည်

Xiao,I Need Your D**kDonde viven las historias. Descúbrelo ahora