Summary Of Errors

Start from the beginning
                                        

ရှောင်းစိတ်ထဲက နွေးထွေးတဲ့ အပြုအမူလေးတွေက အချိန်တိုင်း သူ့ကိုစိုးမိုးနေပြီး နှလုံးသားထဲမှာ နေရာအပြည့်ယူလို့ထားတယ်

"ကိုယ့်မှာနာကျင်သွားရတာပဲ"

"ဘယ်နားလေးလဲ"

"ဒီနား"

နှုတ်ခမ်းကို လက်ညိုးညွှန်ပြလိုက်တော့ မျက်လုံးမှိတ်ကာ ရှောင်းနှုတ်ခမ်းပါးလေးကို နူးနူးညံ့ညံ့ထိပြီး ဖယ်ခွာလိုက်သည်

"ရပြီလား"

"အနာကရင့်တယ် babeလေးရဲ့...တခါတည်းနဲ့ မသက်သာသေးဘူး"

ဉာဏ်များတဲ့Alphaဆိုးကြီး...တတ်လည်းတတ်နိုင်ပါပေတယ်...အခုတမျိုး တော်ကြာတမျိုး နေရာဒေသလိုက်ပြီး အရောင်အမျိုးမျိုးပြောင်းနိုင်တဲ့ ပုတ်သင်ညိုလိုပဲ

နှုတ်ခမ်းကို ဆူထားလိုက်တာလည်း ထော်ထွက်လာပြီး သူ့မျက်နှာကို ထိုးမိသွားပါဦးမယ်...နည်းနည်းလေးကို အများကြီးပါဆိုပြီး အကဲပိုလွန်းတယ်

မျက်နှာကို လက်နှစ်ဖက်နဲ့ ထိန်းကိုင်ပြီး မရပ်မနား တပြွတ်ပြွတ် အသံထွက်အောင် နမ်းလိုက်တော့ သဘောကျတဲ့ ရုပ်ကြီးက ပြီတီတီနဲ့

ချစ်ပါတယ်ဆိုမှ ပိုပြီးချစ်ချင်လာအောင် ဆွဲဆောင်နေတဲ့ရှောင်းက အမြင်ကတ်ဖို့ သိပ်ကောင်းပါတယ်

အရမ်းပဲချစ်ရလွန်းလို့ အချစ်ကြီးပြီး အကြွေလွန်းသွားတော့ ချစ်စနိုးနဲ့ အမြင်ကတ်စရာကောင်းလာတာ

"ဒါဆိုရင် လုံလောက်ပြီလား ငါရဲ့သက်ဆိုင်သူ Alphaဆိုးကြီး"

"အသည်းယားစရာ ကောင်းလိုက်တာ babeလေးရယ်...ကိုယ့်မှာ မြတ်နိုးရလွန်းလို့ မင်းလေးကို အနားမှာ ခေါ်ထားလိုက်ချင်တော့တယ်"

"ရှောင်းကခေါ်ထားချင်မှတော့ မငြင်းရက်ပါဘူးနော်...ရှောင်းမပြောရင်တောင် ဒီလိုလေးကပ်နေဖို့ စဥ်းစားထားတာ"

ရင်ခွင်ထဲ ကိုယ်လုံးသေးသေးလေးကို ကျုံ့နိုင်သမျှကျုံ့ပြီး ကြောင်ပေါက်လေးလို ကုတ်တွယ်ထားတာက ရှောင်းကျန့်အသည်းကို အစိမ်းလိုက် တစစီဖြုတ်ခြွေနေသလိုပဲ

Xiao,I Need Your D**kWhere stories live. Discover now