သားအဖသုံးယောက်လုံး၏ ဂျစ်တိုက်မှုကို ရှင်းခန့်အလူးအလဲ ခံစားနေရတာဖြစ်သည်။အရင်ကလို ခပ်ဆိုးဆိုးနဲ့အနိုင်ကျင့်ခဲ့တဲ့ ကိုယ့်ပုံစံကိုဘယ်လိုမှ ပြန်ဖမ်းမရခဲ့။အခုလဲလရိပ်ကို အလုပ်ထွက်စေချင်ပေမယ့် သူမပြောရဲပေ။သူ့ကိုမချစ်ပဲစိတ်ကွက်မှာအရမ်းကြောက်နေသည်။ဒါကလဲ အရင်က သူလရိပ်အပေါ်အတင်းအကျပ်အနိုင်ယူခဲ့တာတွေကြောင့်လားမသိ။ သူ့လက်ချောင်းလေးတွေ Laptop မှာ ၂ နာရီခန့်ပြေးလွှားပြီးနောက် အိပ်ချင်သလိုကို့ယို့ကားယားအိပ်နေသည့် ကလေးတွေနား ဝင်လှဲအိပ်လိုက်သည်။ ကုတင်က အရင်မိသားစုကုတင်နောက်တစ်လုံးထပ်ထားလို့အကျယ်ကြီးဖြစ်နေ၏။

----------

မနက် ၆နာရီလောက်မှာ လရိပ်ကခြေသံလေးဖွကာ အခန်းထဲဝင်လာသည်။ ဝင်ဝင်ခြင်းမြင်လိုက်ရတာက ခေါင်းပွပွ ၃ လုံး။
ခြေရင်းဘက်ကိုခေါင်းတွေရောက်နေတာဖြစ်ပြီး ခေါင်းသုံးလုံး စလုံးက ဆံပင်ကောက်တွေ တစ်ထုပ်ကြီး။ ထိုဆံပင်ကောက်တွေကို အရင်ကဆိုအမှန်တကယ်အမြင်ကတ်ခဲ့တာဖြစ်ပြီး အခုတော့သူ့နှလုံးသားရဲ့ ပထမဆုံးလေးတွေဖြစ်နေပြီ။

သူရှင်းခန့်အားတစ်ချက်လှုပ်နှိုးတော့ မှ မလှုပ်ပဲအိပ်မောကျနေလေ၏။ညကဘယ်လောက်တောင်ပင်ပန်းသွားလို့လဲမသိ လရိပ်စိတ်မကောင်းဖြစ်မိသွားသည်။ သူအရမ်းကိုပင်ပန်းနေတာ သူ့နဂါးလေးဆောင်အမောက် မထောင်နိုင်သည်အထိပင်။သူလဲပင်ပန်းနေတာကြောင့် ရှင်းခန့်၏ဘေးမှာဝင်လှဲလိုက်တော့ အိပ်နေရင်းသူ့အားဖက်တွယ်ထားလေသည်။ဘယ်လောက်ပဲအိပ်မောကျနေပါစေ သူ့ကိုဖက်ထားဖို့မမေ့။ ရှင်းခန့်သု့ရင်ခွင်ထဲမှာပင် အိပ်ပျော်သွားလေသည်။

“ပါပါး...”

“သမီးလေးနိုးပြီလား”

“ဝတီ ဗိုက်ဆာတယ်”

ဖအေနှစ်ယောက်စလုံးနိုးလာပြီး။ ကလေးနှစ်ယောက်ကိုတစ်ယောက်စီချီကာ သန့်ရှင်းရေးလုပ်ပေးကြသည်။မနက်စာကိုတော့ အဆင်သင့်ပြင်ဆင်ပေးထားတာကြောင့်သူတို့တစ်ခါတည်း ထိုင်စားလေ၏။ မနက်စာစားပြီးတော့ သူတို့ကို ကလေးထိန်းတွေကလာခေါ်သွားလေ၏။ကလေးတွေသွားဆော့နေတော့ လရိပ်ကရှင်းခန့်အားကြည့်ကာ..

My Bad Brother(Completed)Where stories live. Discover now