"အရာအားလုံးကို မေ့ပစ်ဖို့ အစကနေပြန်စရမယ်"
ထိုမျှသာပြောပြီး လု့ရစ် မြို့လေးကနေ ကွိုင်ရန်မြို့လေးသို့ ပြောင်းရွေ့ရန် အကြောင်းဖန်လာတော့သည်။
မိုးမခ သစ်ပင်ကြီးနားက အပြာနုရောင် အုတ်ဂူလေးနားထိုင်ပြီး စကားတွေပြောနေသော ကောင်လေးတစ်ယောက်ရှိခဲ့သည်။
"ကိုယ် လီလီ့ကို ပေးထားတဲ့ကတိအတိုင်း ပျော်ပျော်နေပြီး ကိုယ့်ကိုချစ်ပေးမယ့်သူတွေဆီ သွားနေတော့မယ် အဲ့တာကြောင့် လီလီ့ကို လာပြီးနှုတ်ဆက်တာ"
အုတ်ဂူဘေးက သစ်ရွက်ခြောက်လေးတွေ ဖယ်ရှားပေးရင်း Kyungsoo ဆက်ပြောနေမိပြန်သည်။
"ဒါပေမဲ့ ကိုယ် ဒီမြို့လေးမှာ လီလီမရှိဘဲ မနေနိုင်ဘူး ဒါကြောင့် တခြားမြို့လေးမှာ ပြောင်းနေတော့မလို့!! "
"လီလီသိပါတယ် ကိုယ့်ရဲ့မွေးစားမေမေ နေတဲ့မြို့လေ ကွိုင်ရန်ဆိုတဲ့မြို့လေးမှာ ကိုယ်သဘောကျတဲ့ ပန်းဆိုင်လေးဖွင့်ဖို့ စီစဥ်ထားတယ် အားတဲ့အချိန်တွေကြ ကိုယ်လီလီ့ဆီလာလည်ပါ့မယ် နှုတ်ဆက်ပါတယ် ကိုယ့်ရဲ့ချစ်ရသူလေး လီလီ"
လီလီက အမြဲတမ်း သူ့ကိုမှာနေကြ စကားတစ်ခွန်းရှိတယ်...
"လီလီမရှိတော့တဲ့တစ်နေ့ လီလီ့ကို မေ့ပြီး တခြားသူတွေနဲ့ပျော်ရွှင်အောင်နေပါတဲ့ တစ်ယောက်တည်းပူဆွေးပြီး ဝမ်းနည်းနေတဲ့ သူ့ကို မမြင်ချင်ဘူးတဲ့လေ"
"ကိုယ် မင်းကို ပေးထားတဲ့ ကတိတည်အောင် ကြိုးစားပါ့မယ် လီလီ"
လု့ရစ်မြို့ကနေ ၄၅မိနစ်လောက်ကြာအောင် မောင်းလာပြီးနောက် ကွိုင်ရန်မြို့ထဲသို့ ရောက်လာခဲ့သည်။
အရင်ရက်တွေက မိုးဆက်တိုက်ရွာနေတယ်လို့ သိရပေမဲ့လည်း ဒီနေ့မှာတော့ နေရောင်အနည်းငယ် ထွန်းလင်းတောက်ပနေတဲ့ ကွိုင်ရန်မြို့နယ်လေးရဲ့ အလှသည် ရင်ထဲကိုနွေးထွေးသွားစေသည်။
လက်ပတ်နာရီလေးကို ကြည့်မိတော့ ၈နာရီ ၅၀မိနစ်တောင်ရှိနေပြီမို့ မနက်စာစားဖို့အတွက် ဆိုင်တစ်ဆိုင်ကို ရှာရတော့သည်။
YOU ARE READING
Arborvitae (Kaisoo ver)
Romanceခင်မင်မှုရဲ့ အနှစ်သာရက တဖြည်းဖြည်းပေါ်လွင်လာသောအခါ~~
အပိုင်း-၂
Start from the beginning