ချမထားတဲ့ လိုက်ကာစကြောင့် ဖြူလွသောအိပ်ရာခင်းပေါ်ကို နေရောင်ခြည်နွေးနွေးက ဖြာကျလာသဖြင့် ဖြူဖြူသေးသေးအကောင်ငယ်လေးဟာ တလှုပ်လှုပ်ဖြစ်လာရသည်။မျက်လုံးအိမ််ငယ်လေးက ခပ်ဖြည်းဖြည်းဖွင့်လာပြီး ရှေ့တည့်တည့်မှာရှိနေတဲ့ လူသားလေးကိုသာ အကြည့်တို့ကျောက်ချလျှက် ငေးစိုက်ကြည့်နေမိသည်။

သို့သော် ကြာကြာမကြည့်နိုင်။ခြောက်ကပ်နေတဲ့လည်ချောင်းက နာလာတာကိုသတိပြုမိတာကြောင့် ထကာရေသောက်မည်အပြု ပြန်ဆွဲချလာသောလက်တစ်စုံကြောင့် အိပ်ယာခင်းဖြူပေါ်ကို မြူရှင်းရဲ့ကိုယ်သေးသေးလေးက ပြန်ပြုတ်ကျလာရတော့သည်။

ဆွဲချလိုက်သော လက်ပိုင်ရှင်ကတော့ အိပ်နေရာကနေ မျက်လုံးတောင်ဖွင့်မလာပဲ လက်ဖမိုးတစ်ဖက်ကိုသာ မြူရှင်းရဲ့ နဖူးနွေးနွေးပေါ် စမ်းခြင်းအမှုကိုအရင်ပြု၏။

"အင်း...အပူကျသွားပြီ"

"Demo....ညကဒီမှာအိပ်တာလား။အိမ်မပြန်ဘူးလား"

"မင်းအိမ်ရှေ့ကနေ ခြေဆယ်လှမ်းလှမ်းလိုက်ရုံနဲ့ ငါ့အိမ်ပြန်ရောက်မှာကို ဘာတွေရေးကြီးခွင်ကျယ်လုပ်ပြီးမေးနေတာလဲ။တော်တော့ စကားမပြောနဲ့ ငါအိပ်ရေးမဝသေးဘူး"

ပြောပြီး မြူရှင်းရဲ့လက်ကလေးကို ဆုပ်ကိုင်ကာ ပြန်အိပ်သွားတာသေချာတော့မှ မြူရှင်းလည်း သူ့ရဲ့လက်သေးသေးလေးကို အသာပြန်ယူပြီး အိပ်ယာပေါ်ကနေ တိုးတိုးတိတ်တိတ်ထကာ လိုက်ကာစကိုဆွဲပိတ်ပေးလေ၏။

ပိတ်ပြီးပြန်အလှည့် သူ့အခန်းကိုကြည့်လိုက်တော့ ရေပတ်တိုက်ထားတဲ့အဝတ်လေးတွေသာ ပွစာခတ်နေတော့၏။တပတ်တစ်ထည်ကို တစ်ခါသာသုံးရမယ်ဟုထင်ကာ ရေပတ်တိုက်ပေးထားသော Demoကြောင့် တပတ်အထည်အရေအတွက်များနေခြင်းသာဖြစ်သည်။

"WTH!!!
တပတ်တွေဒီလောက်အများကြီးရှိနေရအောင် ငါ့အခန်းကစတိုခန်းလားပဲ"

ဟုသာ တိုးတိုးတိတ်တိတ် အသံမထွက်ပဲ ရေရွတ်နိုင်တော့၏။

ထို့နောက်ကြမ်းပြင်ကို အသံမထွက်အောင်နင်းရင်း အောက်ထပ်ကိုဆင်းတော့ လှေကားဝမှာမေ့မေ့ကိုတွေ့သည်။

CLOVER Where stories live. Discover now