Chapter 2 : First Impressions

109 19 6
                                    

(Unicode)

Julia Ellison's POV :

နောက်တစ်နေ့မနက်တွင် နှိုးစက်သည် စောစီးစွာမြည်လာလေသည် ။ ကျွန်မလည်း အိပ်ရာမှထကာ ရေချိုးခန်းထဲသို့သွား၍ မျက်နှာသစ်ပြီး ဆံပင်ကိုသေသေသပ်သပ်ဖြီးလိုက်သည် ။ ထို့နောက် ဆံထုံးထုံးကာ မိတ်ကပ် ခပ်ပါးပါးလိမ်းလိုက်သည် ။ အဝတ်ဗီရိုထဲမှ ဈေးအကြီးဆုံးနှင့် ပရော်ဖက်ရှင်နယ်ပီသလောက်မည့် ဝတ်စုံတစ်စုံကို ရွေးလိုက်သည် ။ မှန်ထဲသို့ကြည့်လိုက်သောအခါ ကျွန်မသည် အမေနှင့်ခပ်ဆင်ဆင်တူနေသည်ကို သတိထားမိသွားသည် ။ ‌ကောင်းပါသည် အဘယ့်ကြောင့်ဆိုသော် လူတွေက ကျွန်အမေကို သေချာ အလေးအနက်ထားပြီးဆက်ဆံသောကြောင့် ကျွန်မလည်း အမေနှင့်သေချာပေါက် တူချင်ပါသည် ။

ဒီမှာ ကျွန်မကိုယ်ပိုင်ကားမရှိသောကြောင့် ဆေးရုံသို့ တက္ကစီငှားသွားရန်သာစဉ်းစားလိုက်သည် ။ သို့သော် လမ်းလျှောက်သွားလျှင်တော့ ကျွန်မ၏အတွေးများကို အစီအစဉ်တကျ တွေးနိုင်ရန်အချိန်ရမည်ဖြစ်သည် ။

အခန်းထဲမှထွက်လိုက်သောအခါ ညင်သာသော လေပြည်လေးက ကျွန်မ မျက်နှာကိုအသာအယာထိတွေ့လာသည် ။ မလှမ်းမကမ်းတွင်တော့ ကျောက်ဆောင်ကို လှိုင်းရိုက်ခတ်သံများကြားနေရသည် ။ ထို့နောက် ကားတံခါးပိတ်သံနှင့်အတူ ကားစက်နှိုးသံတစ်ခုကိုပါ နောက်ဆက်တွဲကြားလိုက်ရသည် ။ အသံလာရာသို့ကြည့်လိုက်သောအခါ Turquoise ကားတစ်စီးကို ကျွန်မ မြင်ရသည် ။ ထို့နောက် ထိုကားထဲတွင် မနေ့ကတွေ့လိုက်သော အမျိုးသမီးသည် အပြာရောင် သို့မဟုတ် အစိမ်းရောင် အင်္ကျီဝတ်ထားသည်ကို မြင်ရလိုက်သည်ဟု ထင်သည် ။ သူမက ထိုကားကိုမောင်းနှင်၍ ကျွန်မမြင်ကွင်းထဲမှ တဖြည်းဖြည်းပျောက်ကွယ်သွားသည် ။ သူမ ဘယ်သွားသလဲဆိုတာ ကျွန်မ သိချင်လိုက်တာ ။

ဆေးရုံသို့လမ်းလျှောက်သွားရသည်မှာ တစ်နာရီနီးပါးလောက် ကြာမြင့်ပါသည် ။ လမ်းလျှောက်ရတာ ပြဿနာမရှိသော်လည်း ရေရှည်အတွက်တော့ အဆင်မပြေပါချေ ။ လိုအပ်လျှင် ကားတစ်စီး သို့မဟုတ် စက်ဘီးတစ်စီးကို ငှားလို့ရနိုင်မလားဆိုတာ ကျွန်မ ရှာကြည့်ရဦးမည် ။

Never Judge A Book By Its Cover (Translation)Where stories live. Discover now