Chapter 1 : And so it begins...

Start from the beginning
                                    

နှာခေါင်းထဲတွင် ဆားနံ့ရ၍ ဒီနေရာက ပင်လယ်နှင့်အတော်နီးမည်ဆိုတာ ကျွန်မပြောနိုင်ပါသည် ။ ကျွန်မရပ်နေသည့်နေရာနှင့် မလှမ်းမကမ်းက ကမ်းခြေတစ်ခုတွင် အမျိုးသမီးတစ်ယောက် သတင်းစာဖတ်နေသည် ။ သူမဘေးတွင် ခပ်ငယ်ငယ်ကောင်လေးတစ်ယောက်က အရုပ်တစ်ခုနှင့်ဆော့နေသည် ။ စင်္ကြံ၏တစ်ခြားတစ်ဖက်‌တွင်တော့ အရပ်ရှည်ရှည် အမျိုးသားတစ်ယောက်ရပ်နေသည် ။ သူသည် ငွေရောင်ဆံပင်နှင့် အညိုရောင်မျက်လုံးများရှိပြီး ကျွန်မထက် ၁၀ နှစ်လောက်ကြီးပုံရသည် ။ သူ့ကိုကြည့်ရတာ ရထားပေါ်ပါလာရမည်ဖြစ်သော်လည်း ပါမလာခဲ့သည့် တစ်ယောက်ယောက်ကို စောင့်နေသည့်ဟန်ရှိသည် ။ ယခု သူက ကျွန်မကိုစိုက်ကြည့်နေတော့ အတော်လေး နေရတာ မသက်မသာဖြစ်မိသည် ။ ထို့ကြောင့် ကျွန်မ သိုးသိုးသွက်သွက်ပင် ဘူတာရုံထဲကထွက်ပြီး တက္ကစီတစ်စီးကိုတားလိုက်သည် ။

တက္ကစီမောင်းသမားက စကားစမြည်ပြောရန်ကြိုးစားသော်လည်း ကျွန်မက လူစိမ်းများနှင့် အလာပသလ္လာပပြောရန် စိတ်မပါသည်ကို သတိထားမိသောအခါ ခရီးလမ်းတစ်လျှောက်လုံး ရေဒီယိုမှလာနေသော သီချင်းကိုသာ ခပ်တိုးတိုးညည်းနေတော့သည် ။ ပြတင်းပေါက်အပြင်သို့ငေးမိသောအခါ အတွေးထဲထပ်မံနစ်မြုပ်သွားပြန်သည် ။

ငါဘာလို့စိတ်လှုပ်ရှားနေတာလဲ? ဒီနေရာကိုလာဖို့ ငါပဲရွေးချယ်ခဲ့တာငါဒါကိုလုပ်ချင်တယ်ဒါပေမယ့် ဒါကဘာလို့ ရင်တုန်စရာဖြစ်နေတာလဲသိဘူးကြည့်တာ ငါက နေရာစိမ်းတွေကို သိပ်ကြိုက်လို့နဲ့တူပါရဲ့ ။

' Sealight Inn ' သည် ရိုးရိုးရှင်းရှင်းနှင့် ဈေးသက်သာသော ‌မိုတယ်ဖြစ်ပြီး ကျွန်မ‌သွားရမည့် ဆေးရုံနှင့်လည်း သိပ်မဝေးပေ ။ ပြီးတော့ ရွေးချယ်စရာ များများစားစားလည်းရှိတာမှမဟုတ်ဘဲ ဒီမိုတယ်သည် လူစီယာပြည်နယ်တွင်ရှိသည့် တစ်ခုတည်းသော မိုတယ်ဖြစ်သည် ။ ထားပါတော့လေ ...

Never Judge A Book By Its Cover (Translation)Where stories live. Discover now