13 - ခဲတစ်လုံးနှင့်ဌက်နှစ်ကောင်

247 21 13
                                    

Unicode

ရှေ့က Professor ကိုကြည့်ရင်း ဓူဝံ အတွေးများနေသည် ... Kitty ရဲ့ အကြောင်းကိုတွေးမိလိုက်တိုင်း မြင်ကွင်းထဲပေါ်လာတဲ့ Adam ခြံထဲက ကားကိုသူမေ့လို့မရပေ ...

သူသိသည် ... ဒီနိုင်ငံထဲမှာ မပြောနဲ့ သူတို့ ပြည်နယ်ထဲမှာတင်ပဲ Ferrari ကားစီးတဲ့ သူအမြောက်အများရှိလေရာ လူကြိုက်များတဲ့ အနီရောင်ဆိုတာလည်း ကန့်သတ်ထုတ်ဝေမှုမဟုတ်ပေ .. ရှေ့ပိုင်းထိထားတယ်ဆိုတာလည်းတိုက်ဆိုင်မှုဖြစ်နိုင်သည် ...

(Just a friendly remainder in the comment ➡️ )

ဓူဝံသိသည် ... သူသိသည် .. ဒါပေမဲ့ ဆက်စပ်မှုများရှိနေမလားဆိုပြီးလည်း သူမတွေးမိဘဲ မနေနိုင်ပေ ... တစ်ယောက်ထဲ စိတ်ဒုက္ခရောက်နေ၏ ...

Professor မျက်နှာကိုငေးရင်း သူအတွေးများနေတုန်း Vision ပေါ်လာ၏ ... Adam က လိမ္မော်ရောင် ဘောလုံးကိုကိုင်ရင်း ပြေးလွှားနေသည် ... ထို့နောက် အောင်မြင်စွာဖြင့်ခုန်ကာ ခြင်းထဲထည့်လိုက်၏ ....

အားနေတဲ့ ပုံပဲ ....

ဓူဝံ ချက်ချင်း ဖုန်းထုတ်လိုက်ကာ ညနေကြရင် ကျောင်းနားက စကိတ်ကွင်းကို လာခေါ်ပေးနိုင်မလားဟူ၍ စာပို့လိုက်၏ ...

ပုံမှန်အားဖြင့်တော့ Basketball ကစားနေတဲ့ Adam က ခုံတန်းပေါ်က ဖုန်းမှ Message လာသံကိုကြားနိုင်စရာအကြောင်းမရှိပေ ... သို့ပေမဲ့ Vision ထဲမှာ ဓူဝံ စာပို့လာတာကို မြင်လိုက်တော့ လူလဲကာ ထွက်လာလိုက်၏ ...

ညနေ အတန်းရှိသေးပေမဲ့ ဓူဝံဘက်က တောင်းဆိုလာတာကြောင့် Adam မငြင်းချင်ပေ ... အမြန်ပဲ သဘောတူလိုက်ကာ ဘာများထပ်ပို့လာမလဲ မျှော်လင့်မိပေမဲ့ seen သာပြ၍ ပြန်တုန့်ပြန်မလာတော့ပေ ... ဘာကိစ္စရှိလို့လည်းတော့မသိ ဓူဝံ စိတ်အခြေအနေမကောင်းဘူးလို့ Adam ထင်နေမိ၏ ...

Adam သဘောတူညီချက်ကို ရတော့ ဓူဝံ သက်ပြင်းချမိ၏ ... သူ့စိတ်ထဲမှာ အကောင်းဘက် နဲ့ အဆိုးဘက်မှာ ဘယ်ဘက်က အလေးချိန် ပိုများနေလည်း သူမသိချေ... သို့ပေမဲ့ ထိုအလေးချိန်ကာ သူရင်ဘက်ထဲမှာ တစ်ဆို့နေသလို ဖြစ်ကာ သက်ပြင်းချသော်လည်း မပျောက်ပြယ်သွားပါချေ ...

𝓢𝓸𝓾𝓵𝓶𝓪𝓽𝓮 { Soulmate by Madihaymar}Where stories live. Discover now