8 - A Wish

124 23 6
                                    

Unicode

Adam နဲ့ စကိတ်ကွင်းမှာ လမ်းခွဲပြီးတဲ့ အချိန်ကစပြီး သူတို့နှစ်ယောက် ထပ်မတွေ့ဖြစ်ခဲ့ချေ .. ဘာအတွက် ကြောင့်ရယ်လို့ရေရေရာရာ မရှိပေမဲ့ ဓူဝံ သူ့ကိုရှောင်ချင်နေတယ်ဆိုတာကတော့အမှန်ပဲဖြစ်သည် ..

Adam ကတော့ အစပိုင်း စာတွေပို့ ဖုန်းတွေခေါ်ပေမဲ့ နောက်ပိုင်းကျတော့ သိပ်မရင်းနှီးတဲ့ သူ့တို့နှစ်ယောက်ကြားကြာလာတော့ ပြောစရာ ခေါင်းစဥ် ကုန်သွားခဲ့သည် .. ဆယ်ခွန်းပြောမှ တစ်ခွန်း reply ပြန်တဲ့ ဓူဝံကြောင့် Adam လည်း အလိုက်တသိနဲ့ပဲလော စိတ်ဆိုးသွား၍ပဲလော တော့မသိ .. စာတွေထပ်မပို့တော့ပေ ..

ဘာပဲဖြစ်ဖြစ် သူတို့နှစ်ယောက်က လုံးဝ တော့မေ့လျော့မသွားကြပါဘူး .. Vision ရှိနေသေးတယ်မလား ...

ဓူဝံ အားတော့အားနာသည် .. ဒါပေမဲ့ သိပ်ရင်းနှီးမနေတာ နှစ်ယောက်လုံးအတွက်ပိုကောင်းမယ်လို့သူထင်တယ် ..

ဒီလိုနဲ့ သူတို့နေ့စဥ်ဘဝကိုဖြတ်သန်းလာခဲ့ကြတာ မနက်ဖြန်ဆိုရင်ပဲ နှစ်ဝက်အားကစားပြိုင်ပွဲ စတင်ပြီဖြစ်သည်..

ထိုပြိုင်ပွဲကဆိုရင် ကျောင်းသားတွေ စိတ်ပင်ပန်းပြေအောင် ၊ စိတ်ခွန်အားတက်အောင် ၊ အသင်းအဖွဲ့နဲ့ လုပ်ဆောင် တတ်အောင်ဆိုတဲ့ ရည်ရွယ်ချက်ကောင်းတွေရှိတဲ့ ပြိုင်ပွဲဖြစ်သလို.. ထုတ်ပြောစရာမလိုတဲ့ ကျောင်းနှစ်ကျောင်းရဲ့ သိက္ခာပြိုင်ပွဲလည်းဖြစ်သည် ..

ဒီပြည်နယ်မှာ ကျောင်းက နှစ်ကျောင်းပဲရှိသည် .. GoldeHill ဆိုတဲ့ ကျောင်းက နာမည်လိုပဲ ရွှေလင်ဗန်းနဲ့ အချင်းဆေးတဲ့ သူတွေနေတဲ့ကျောင်းဖြစ်ပြီးတော့ RedHood ကဆိုရင် ဓူဝံတို့လို့သာမာန်ပြည်သူတွေတက်နိုင်တဲ့ကျောင်းဖြစ်သည် ..

ကျန်တာတော့ သူတို့ကြားနှိုင်းယှဥ်ဖို့ခက်ပေမဲ့ ကျောသားရင်သား မခွဲခြားပဲ ပြိုင်ကွင်းထဲရောက်သွားရင် အရည်အသွေးကသာ အရေးပါတဲ့ အားကစားတစ်ခုထဲကသာ အနိုင်ယူယှဥ်ပြိုင်နိုင်မဲ့ နည်းတစ်ခုသာဖြစ်သည် ..

ထို့ကြောင်း ဓူဝံတို့ RH ကျောင်းက သူတွေက အပြင်းအထန်လေ့ကျင့်နေကြတာဖြစ်သည် .. ပြိုင်ပွဲပြီးတော့ လုပ်မဲ့ Party အတွက်လည်း ပြင်ဆင်စရာတွေလည်း ဓူဝံတို့ သေချာပြင်ဆင်ပြီးပြီးဖြစ်သည် ..

𝓢𝓸𝓾𝓵𝓶𝓪𝓽𝓮 { Soulmate by Madihaymar}Where stories live. Discover now