12 - Trauma

125 22 6
                                    

Unicode

ဓူဝံ ကျောင်းပြန်ရောက်တော့ ဆရာရောက်တဲ့ အချိန်ထိ စောင့်ပြီးမှ အတန်းထဲ ဝင်ရ၏.. ဒါတောင် မျက်စောင်းထိုးမှ သူမ၏သူငယ်ချင်းမတွေနဲ့ တူတူထိုင်နေသော ဆိုဖီ ရဲ့လှမ်း ထောက်လှမ်းတဲ့ အကြည့်တွေက တစ်ချက်တစ်ချက် ရောက်လာသေး၏..

"အမောင် ဓူဝံ မင်း GH ကျောင်းက အကောင်ရဲ့ Story မှာ ကပ်ပါလာတဲ့ အကြောင်းလေး မရှင်းပြသင့်ဘူးလား.. "

Naos က ဆိုဖီ အကျင့်တွေကူးကုန်ပြီနဲ့ တူပါတယ် ဆရာတောင် Powerpoint မပိတ်ရသေးဘူး အတင်းကြီးနောက်လှည့်ကာ မေး၏.. သူ့ကြည့်ရတာ အရမ်းတွေစိတ်ဝင်စားနေပြီနဲ့ တူပါတယ်..

"မင်းတို့က ဘာကြားချင်တာလည်းပြော .. "

ဓူဝံ သက်ပျင်းချကာ နောက်မှီထိုင်ရင်း မေးလိုက်၏..

"သွားDate တာလား .."

" မဟုတ်ဘူး... "

"တွဲနေပြီလား .. "

"ငါအဲ့မေးခွန်း ဖြေဖူးသလိုပဲ..  မဟုတ်ဘူး.. မတွဲပါဘူး ... မင်းတို့ကလည်း ဇွတ်တွေပဲ... "

"အဲဒါဆို မင်းတို့က အီစီကလီ အဆင့်လား.. ? "

"..... "

​နောက်ဆုံးမေးခွန်းမှာ အာစေးမိသလို ငြိမ်သွားတော့ Naos က ဝမ်းသာ အားရထလာကာ ဓူဝံ လက်မောင်းကို လှမ်းထိုးရင်း စနေ၏...

"ဟာ.. ဟေ့​ကောင် ဟီးဟီး.. ဘယ်တုန်းက စတာလည်း.. တကယ်ကြီးလား.. ရည်းစားထားဖို့ ကြောက်တဲ့ ကောင်ကအခုတော့ အအီခံနေရပြီပေါ့ ဟီးဟီး.. "

"နေပါဦး အီခံနေတာကမင်းလားငါလား..? မင်းက ဘာလို့ ဇွတ် ဝမ်းသာနေရတာလည်း.. "

ဓူဝံ စကားက အဟာရရွှင်ဆေး အတိုက်ခံလိုက်ရသလိုပဲ Naos ကို အရမ်းတွေ ပျော်စေသွားတယ်.. စပ်ဖြဲဖြဲ ဖြစ်နေလေရဲ့..

"ငါ အားကျလို့ပါကွ မင်းကလည်း.. "

ဓူဝံက မျက်လုံးမှေးကာ လူယုတ်မာအကြည့်ဖြင့် Naos ကိုကြည့်နေရာကနေ အဓိပ္ပာယ်ပါပါဖြင့် အနောက်က Ark ကို လှမ်းကြည့်လိုက်ကာ

"အားကျတယ်ပေါ့လေ.. "

မလုံမလဲဖြစ်သွားသော Naos က တော့ ခုဏက စပ်ဖြဲဖြဲမျက်နှာကနေ အလန့်တကြားမျက်နှာ သို့ပြောင်းသွားလေရဲ့... သို့ပေမဲ့ အချိန်ကိုက်ဆိုသလို ဆိုဖီရောက်လာတော့ သူကယ်တင်ခံလိုက်ပြီဖြစ်သည် ..

𝓢𝓸𝓾𝓵𝓶𝓪𝓽𝓮 { Soulmate by Madihaymar}Where stories live. Discover now