“ကြွ ကြွ..ကိုယ့်အစ်ကိုကအကြာကြီးနေမှ ရောက်လာတာကို”

နေဝန်းက မကျေမနပ်ပြောတော့ခတ္တာကထလာပြီး...

“သူများတွေက ယူထားတာမှ တစ်နှစ်မပြည့်သေးဘူးလေ။ မင်းကတော့ ကြာပြီ‌ဆိုတော့ရိုးအီပြီး တခြားအပျော်ရှာချင် နေပြီပေါ့”

“အ့ မဟုတ်ပါဘူး ခက်ရဲ့ နာတယ်။မောင်နားရွက်ပြတ်တော့မယ်”

“ပြတ်အောင်လုပ်မှာ”

သူတို့ကိုကြည့်ရင်း ရှင်းခန့်ကလရိပ်ကိုသတိရလာပြီး နှုတ်ဆက်ကာအိမ်သို့ပြန်ခဲ့လေသည်။

------------

“အစ်ကို အစ်ကို ထတော့လေဗျာ ဒီနေ့ပိတ်ရက် အစ်ကိုအခွေကြည့်မယ်ဆို”

ရှင်းခန့်အသံကြောင့် လရိပ်က တအင်းအင်းနိုးလာပြီး ဘေးကဖုန်းကိုယူကာမျက်လုံးလေးအနဲငယ်ဖွင့်ပြီးကြည့်လိုက်သည်။

“ဘာတွေဒီလောက်တတ်ကြွနေတာလဲ။မနက်၆နာရီပဲရှိသေးတယ်”

လရိပ်ကပြန်အိပ်မည်လုပ်နေစဉ်..

“ကျွန်တော်ဗိုက်ဆာပြီ ခေါက်ဆွဲပြုတ်လုပ်ပေးပါ”

“ဘာလို့ဒီနေ့မှလဲ ငါအိမ်ချင်သေးတယ်”

“ထဗျာ”

“အာ့ ထ ထပြီ အဲ့လိုမလုပ်နဲ့ယားတယ်”

လရိပ်၏လည်တိုင်တွေကို နှုတ်ခမ်းတွေနဲ့ပွတ်ဆွဲပစ်တော့ မအိပ်နိုင်တော့ပဲထလာသည်။အိပ်မှုံစုံမွှားဖြင့်ရေချိုးခန်းထဲဝင်သွား သူနောက်ကို ရှင်းခန့်ကတစ်ကောက်ကောက်လိုက်ဝင်သွားသည်။ လရိပ်သွားတိုက်ရင်းသူ့ကိုမော့ကြည့်တော့ သူကဖြီးလိမ်းပြင်ဆင်ပြီးသားဖြစ်နေ၏။ ဘယ်ကတည်းကနိုးနေလဲမသိဘူး ပိတ်ရက်မှာတအားတတ်ကြွနေတာ။

------

“မင်းလက်ငြိမ်ငြိမ်မနေလို့ ခေါက်ဆွဲအရသာပျက်သွားရင် အပြစ်မပြောနဲ့နော်”

“ရတယ်။ ခေါက်ဆွဲထက် ဒါကိုပိုကြိုက်တယ်”

“နှာဘူးကောင်!”

ရှင်းခန့်ကခေါက်ဆွဲပြုတ်နေသူ၏ တင်ပါးတွေကိုအနောက်မှနေပြီး ဘောင်းဘီထဲဝင်ကာညှစ်ဆော့နေတာကြောင့် ဆူပူနေခြင်းပင်။ခုနောာက်ပိုင်း သူတို့နှစ်ယောက်ရှိတဲ့နေရာဆို အလုပ်သမားတွေ အလိုလိုရှောင်နေကြသည်။သူတို့ကတစ်ယောက်မျက်နှာ ပဲတစ်ယောက်ကြည့်ပြီး မည်သူ့မျက်နှာကိုမှ မကြည့်ကြ။

My Bad Brother(Completed)Onde histórias criam vida. Descubra agora