Fairytale 4

24 5 0
                                    

တချို့သောပုံပြင်တွေဟာ ဇူလိုင်လရဲ့တိမ်တွေလိုပဲ...

ဒီနေ့တော့ မိုးမရွာပါဘူး။ဒါပေမယ့် ထောင့်ချိုးပိုင်းလေးနားရှိနေရတာကိုက နေရောင်ခြည်ထဲပြေးလွှားနေရတဲ့ လေပြေလေးလိုပဲ ခံစားချက်ဟာ လွင့်မျောစေတယ်။မိုးခြိမ်းသံတွေကိုရှောင်ပြေးဖို့ ရပ်ဝန်းလေးတစ်ခုပေမယ့် နားခိုချင်တိုင်း ရောက်သွားတတ်မိတော့လည်း သူဟာ မသိချင်ယောင်ဆောင်ပေးပြန်တယ်။တခါတလေမှာ ရိုးစင်းတဲ့သဘောတွေဟာလည်း အိပ်ပျက်ညတွေရဲ့ ကော်ဖီတွေဖြစ်နေတတ်ရဲ့။

မိုးမရွာတဲ့ကောင်းကင်မှာ ပုံပြင်တွေပြေးလွှားနေတယ်လို့ပြောမိတော့ စိတ်ကူးယဥ်ဆန်လိုက်တာပဲတဲ့လေ။ဗိုက်ဖောင်းနေတဲ့ တိမ်လေးဟာ စိတ်ကောက်နေတဲ့တိမ်လေးကို ရှောင်ပြေးနေတဲ့ပုံပြင်လေးအကြောင်း ထောင့်ချိုးလေးကိုပြောပြနေမိတယ်။ပြီးတော့ အိပ်ငိုက်နေတဲ့တိမ်လေးဟာ အပြေးသန်တဲ့တိမ်လေးကို အိမ်မက်တွေထဲလိုက်ဖမ်းနေတဲ့အကြောင်း၊ အုပ်စုလိုက်ဖြစ်နေတဲ့တိမ်တွေဟာ အတင်းတုတ်ရတာ သဘောကျကြောင်း စသည်ဖြင့်ပေါ့။ အသစ်ဆန်းတစ်ခုကိုတွေ့လိုက်ရသလို ခံစားမိလို့လား ရာသီဥတုကြောင့်ပဲလားမသိ ထောင့်ချိုးလေးဟာ ကောင်းကင်ကြီးနဲ့အပြိုင် ခပ်နုနုရောင်လေးပြေးနေတယ်။

မထင်မှတ်ဘဲ သိလိုက်ရတာက လိပ်ပြာလေးပြောပြနေတဲ့ပုံပြင်တွေကို သူလည်းသဘောကျနေပါတယ်တဲ့။ပုံမှန်ချိန်မှာ ဗလာရောင်သမ်းနေတဲ့ထောင့်ချိုးလေးဟာ ဒီနေ့တော့ အမည်မဖော်လိုတဲ့ အရောင်နုနုလေးနဲ့ လူငယ်ဆန်နေပြန်ရော။တိမ်တွေကြား ပြေးလွှားပြီး ပုံပြင်တွေနဲ့စကားပြောကြည့်ချင်ကြောင်း သူ့သဘောကိုထုတ်ပြလာသေးတာ။နေခြည်သန်းတဲ့ နေ့တွေ များလာရင်ကောင်းမယ်။

မမြဲခြင်းသဘောတွေဟာ စိတ်ကူးတိမ်တွေကို ရုတ်တရက်ကြီး မောင်းထုတ်ပစ်လာတယ်။မုန်းလွန်းလှပြီး ရှောင်ပြေးချင်နေတဲ့အရာတွေဟာ အပြာနုရောင်ကောင်းကင်ထက်မှာ ချက်ချင်းဆိုသလို ဝင်ရောက်နေရာယူလာကြတယ်။သဘောကျမိဖို့အတွက် ဖွင့်ပေးထားတဲ့စိတ်တံခါးတွေဟာ လေအဝှေ့ဟာ ဆူညံသံတွေနဲ့ ယိမ်းခါလာတော့ လိပ်ပြာလေးဟာ မီးခိုရောင်သမ်းလာပြန်တယ်။ပျောက်ဆုံးနေတဲ့ အဆုံးသတ်တစ်ခုဟာ အရှိန်နဲ့ ဝင်ရောက်မွှေနှောက်လာတဲ့အခါ စတင်ခါစအကြောင်းအရာတွေဟာ နောင်တတွေဖြစ်လာတာပေါ့။

Fairytales at 94 cornerOnde histórias criam vida. Descubra agora