အပိုင်း (28)Un Zaw

Start from the beginning
                                    

" အဲ့တာတွေ ထားလိုက် အခုကျုပ်ကိုအ‌‌ဖြေပေး

"ဘာအဖြေလဲ

"ကျုပ်ကောင်လေးလုပ်မယ်ဆိုတဲ့အဖြေ

ပါးစပ်ဟပြီးအံ့ဩသွားနဲ့လူကိုလေ ခွပ်ဒေါင်းစိတ်ရှိလက်ရှိ ‌ကိုင်ဆောင့်ပစ်ချင်သည်။

" ‌ကျုပ်မေးနေတာဖြေအုံးလေ

"ဘာကိုဖြေရမှာလဲ လို

"ကျုပ်ကောင်လေးလုပ်မှာလားလို့ မေးနေတာ အခါတစ်သိန်းလောက်ရှိနေပြီ

" မင်းကငါကိုချစ်တယ်ကြိုက်တယ်ပြောလို့ ငါကဖြေရမှာလား

‌ခွပ်ဒေါင်းဒီလူကိုတကယ်စိတ်မရှည်တော့ပါ အဖြေတောင်းနေမှန်းသိရဲ့နဲ့ ဝေ့လည်ကြောင်ပတ်လုပ်နေတဲ့သူကို တည့်ထိုးသာပြောချလိုက်တယ်

"ကျုပ်ခင်ဗျားကိုချစ်တယ်

"_______"

"အခုမှချစ်တာမဟုတ်ဘူး ဟိုအရင်ကတည်းကချစ်တာ ခင်ဗျားကိုလိုက်ပြသာနာရှာနေရတာကလဲ ကျုပ်ခင်ဗျားနားနေချင်လို့

အစကတည်းက သူကြိုက်နေတယ်ဆိုတာသိပေမဲ့ ဒီလိုကြီး ဖွင့်ပြောတာတော့‌လဲ နွေဦးရင်ခုန်စိတ်လှုပ်ရှားပြန်သည်။

မျက်နှာလေးရဲပြီးတော့ ဘေးကိုအကြည့်ပို့ထားတဲ့သူရဲ့မျက်နှာကို မေးစေ့ကနေကိုင်ပြီး လှည့်စေလိုက်ပြီး ထိုလူရဲ့ မျက်လုံးတွေကိုသေချာစိုက်ကြည့်ပြီးတော့ ခွပ်ဒေါင်းထပ်ပြောလိုက်၏

" ကျုပ်ခင်ဗျားကို ချစ်တယ် ဒီစကားက စနောက်ပြီးတော့ပြောနေတာလဲမဟုတ်ဘူး ကျုပ်ရင်ထဲကလာတဲ့ တကယ်အစစ်မှန်တွေ

" ခင်ဗျားကျုပ်ကောင်လေးဖြစ်‌ ပေးနိုင်မလား
ကျုပ်တစ်သတ်လုံး ခင်ဗျားဘေးနားမှနေပြီးတော့ ကာကွယ်စောင့်ရှောက်ဖေးမကူညီပေးချင်တယ်

သူ‌ ပြောတဲ့စကားတစ်လုံးချင်းစီကိုနွေဦးရင်ကို လှုပ်ခတ်စေသည် ။ ပထမ ဦးဆုံး နွေဦးကိုရင်ခုန်အောင်လုပ်နိုင်တဲ့သူဆိုလဲ မမှားဘူး

" ကျုပ်ကို အဖြေပြန်ပေးတော့

အဖြေကိုတောင်းတာကလဲဇွတ် တွေ

"စဉ်းစားအုံးမယ်လေ

"ဟ ကျုပ်တောင်မစဉ်းစားဘူး ခင်ဗျားက ဘာကိုစဉ်းစားမှာလဲ

ဒေါင်းWhere stories live. Discover now